DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ရှိ မွတ်စလင်ဒုက္ခသည်များကို နိုင်ငံတကာသံတမန်များ တွေ့ဆုံ 
DVB
·
September 1, 2023
ရခိုင်ပြည်နယ်ရှိ မွတ်စလင်ဒုက္ခသည်များကို နိုင်ငံတကာသံတမန်များ တွေ့ဆုံ 
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို နိုင်ငံတကာသံတမန်တွေနဲ့ စစ်သံမှူးတွေ စက်တင်ဘာ ၁ ရက် ဒီနေ့မနက် ၉ နာရီခွဲက ရောက်ရှိလာကြပြီး စစ်တွေမြို့ရှိ မွတ်စလင် IDP စခန်းတွေကို သွားရောက်လေ့လာကြတယ်လို့ ပြည်နယ်ကောင်စီ တာဝန်ရှိသူတွေထံက သိရပါတယ်။

ပြည်နယ် အစိုးရအဖွဲ့ဝင် တာဝန်ရှိသူတဦးက “သံတမန်နဲ့ သံမှူး အားလုံး ၈ ဦးအဖွဲ့ပေါ့။ ဒီနေ့မနက် ၉ နာရီခွဲမှာ စစ်တွေကို အထူးလေယာဥ်နဲ့ ရောက်တယ်။ စစ်တွေဟိုတယ်မှာ နေရာချထားပေးတယ်။ အစိုးရဧည့်ဂေဟာမှာ မနက်စာနဲ့ ညစာ စားမယ်။ အခုတော့ မွတ်စလင် IDP စခန်းတွေကို သွားနေကြတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ်မှာ ထိုင်း၊ လာအို၊ သီရိလင်္ကာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျနဲ့ ဘရာဇီး စတဲ့သံရုံးတွေက သံအမတ်တွေ၊ သံမှူးတွေနဲ့ သံရုံးယာယီတာဝန်ခံတွေ လိုက်ပါလာကြတယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။

အဲဒီသံတမန်တွေကို စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်ပြီး ရခိုင်ဒေသ အခြေအနေနဲ့ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုကြောင့် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ရတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံဖို့ ပြင်ဆင်ထားမှု ပြသဖို့အတွက် ရောက်ရှိလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

“သံတမန်တွေနဲ့ သံမှူးတွေ မနက်ဖြန် မောင်တောဒေသကို သွားမှာဗျ။ အဓိက တောင်ပြို၊ လှဖိုးခေါင်၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်းတွေ သွားရောက်ကြမှာ” လို့ တာဝန်ရှိသူတဦးက ဆိုပါတယ်။

သြဂုတ် ၃၁ ရက်ကလည်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို မြန်မာနိုင်ငံက ကန့်ကွက်လွှာ တင်သွင်းရေးကိစ္စအတွက် ဆီးရီးယားနိုင်ငံက သတင်းထောက်နဲ့အဖွဲ့ဟာ မောင်တောမြို့ရှိ မွတ်စလင်၊ ဟိန္ဒူ၊ ရခိုင်၊ မြိုလူမျိုးတွေနဲ့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဧည့်ရိပ်သာမှာ တွေ့ဆုံပြီး သူတို့သိလိုတာတွေ မေးမြန်းကာ ရုပ်သံအင်တာဗျူးမှတ်တမ်း ရယူခဲ့ပါတယ်။

မတ်လ ၈ ရက်ကလည်း အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ကိုရီးယား သံတမန် ၂၀ ကျော်နဲ့ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်တို့ အဖွဲ့ဟာ ၂၀၁၇ အကြမ်းဖက်ဖြစ်စဥ်ကြောင့် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးသွားကြသူတွေကို မြန်မာဘက်က ပြန်လည်လက်ခံရေးအတွက် အဆင်သင့် ဖြစ်နေကြောင်း မောင်တောဒေသရှိ ငါးခူရ ပြန်လည်လက်ခံရေးစခန်းနဲ့ လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေး ၂ ခုကို ခေါ်ယူပြသခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013