အင်္ဂလန်လက်ရွေးစင်အသင်းမှာ နောက်ခံလူမက်ဂွဲယားကို ပြန်လည်ရွေးချယ်ခဲ့တာက အတွေ့အကြုံရှိ ကစားသမားနည်းပါးတာကြောင့်ဖြစ်တယ်လို့ နည်းပြဆောက်ဂိတ်က ပြောသွားပါတယ်။
မက်ဂွဲယားဟာ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်သုံးပွဲစလုံးမှာ ပွဲကစားခွင့်မရခဲ့သူပါ။ ဒါပေမဲ့ ယူကရိန်း၊ စကော့တလန်အသင်းတွေနဲ့ ကစားမယ့် အင်္ဂလန်အသင်းလူစာရင်းမှာ မက်ဂွဲယားကို ရွေးချယ်ခဲ့တာပါ။
“ဗဟိုခံစစ်ပိုင်းမှာ အတွေ့အကြုံရှိကစားသမားတွေမရှိလို့ အတွေ့အကြုံ နည်းတဲ့ ကစားသမားတချို့ကို အခွင့်အရေးပေးပြီးရွေးချယ်ခဲ့တယ်။ တိုင်ရုန်မင်က တရာသီလုံး အနားယူရဖို့ရှိသလို စတုန်းစ်ကလည်း အနားယူနေရတယ်။ ပြီးတော့အဲရစ်ဒိုင်ယာကလည်းစပါးအ သင်းမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။ ဒါကြောင့် သူတို့နေရာမှာ လစ်လပ်မှုတွေရှိလာခဲ့တယ်။ ဟယ်ရီမက်ဂွဲ ယားနဲ့ ကယ်ဗင်ဖိလစ်တို့လိုကစားသမားတွေ ပွဲကစားခွင့်မရတာက ကောင်းမွန်တဲ့အခြေအနေ တော့မဟုတ်ပါဘူး။ ဒါပေမဲ့ ခုလာမဲ့ပွဲစဉ်တွေက အရေးပါတဲ့အတွက် ရွေးချယ်ခဲ့တာဖြစ်တယ်” လို့နည်းပြဆောက်ဂိတ်ကပြောပါတယ်။
နည်းပြဆောက်ဂိတ်ဟာ တိုက်စစ်ပိုင်းမှာ စတာလင်ကို ဆက်လက်ချန်လှပ်ခဲ့ပြီး အာဆင်နယ်တိုက်စစ်မှူး အန်ကတ်တီယာကို ပထမဆုံးအကြိမ်ရွေးချယ်ခဲ့ ပါတယ်။
ဒါ့အပြင် ချဲလ်ဆီးနောက်ခံလူ ကိုလ်ဝဲလ်ကိုလည်း အသင်းကြီးဆီ ပထမဆုံးအကြိမ်ရွေးချယ် ခေါ်ယူခဲ့ပါတယ်။
Photo-Reuters