DVB Logo
Home
နိုင်ငံတကာ
မဟာမိတ်များကူညီပါက  ယူကရိန်းတွင် ရွေးကောက်ပွဲကျင်းပနိုင်ဟု သမ္မတပြော
DVB
·
August 29, 2023
မဟာမိတ်များကူညီပါက  ယူကရိန်းတွင် ရွေးကောက်ပွဲကျင်းပနိုင်ဟု သမ္မတပြော
Donate to DVB

ယူကရိန်းနိုင်ငံမှာ စစ်ဖြစ်နေစဉ်အတွင်း ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့အတွက် မဟာမိတ်တွေရဲ့  အကူအညီနဲ့ဆိုရင် ဖြစ်နိုင်တယ်လို့ သမ္မတဇယ်လန်းစကီးက ပြောကြားပါတယ်။

လာမယ့် ၂၀၂၄ ခုနှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့နဲ့ ပတ်သက်ပြီး အမေရိကန် အထက်လွှတ်တော်အမတ်တယောက်ရဲ့ တောင်းဆိုမှုကို ယူကရိန်းသမ္မတက တုံ့ပြန်ခဲ့တာပါ။

တကယ်လို့ အနောက်နိုင်ငံတွေသာ ကုန်ကျစရိတ်ကို မျှဝေပေးခဲ့မယ်ဆိုရင် ယူကရိန်းနိုင်ငံရဲ့ ပါလီမန်အမတ်တွေက အတည်ပြုပြီးသားဖြစ်သလို လူတိုင်းကလည်း မဲရုံတွေကို ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လောလောဆယ်မှာတော့ ယူကရိန်းနိုင်ငံရဲ့  မာရှယ်လောအရ ရွေးကောက်ပွဲတွေ ကျင်းပဖို့ မဖြစ်နိုင်သေးလို့ သိရပါတယ်။

ဒီစစ်အုပ်ချုပ်အမိန့်ဟာ ရက်ပေါင်း ၉ဝ ပြည့်တိုင်း မဖြစ်မနေ သက်တမ်းတိုးဖို့ လိုအပ်တဲ့အပြင် လာမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့မှာပါ ထပ်ပြီး သက်တမ်းကုန်ဆုံးဖို့ ရှိနေပါတယ်။

၂၀၂၄ ခုနှစ်၊ မတ်လမှာတော့ ယူကရိန်းနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲတွေကို ပုံမှန်အတိုင်း ကျင်းပလေ့ရှိပြီး အဲ့ဒီ မတိုင်ခင် အောက်တိုဘာလမှာတော့ လွှတ်တော်ရွေးကောက်ပွဲတွေ ပြုလုပ်လေ့ရှိပါတယ်။

သြဂုတ် ၂၃ ရက်က အထက်လွှတ်တော်ကိုယ်စားလှယ် လင့်ဆေးဂရေဟမ် အပါအဝင် အမေရိကန် ထိပ်တန်းအမတ်တွေက ကိဗ်မြို့တော်ကို ရောက်လာခဲ့တာပါ။

ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် ယူကရိန်းရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဂရေဟမ်က အလွန်အမင်း ချီုးကျူးပြောဆိုခဲ့ပါတယ်။

စစ်တွင်းကာလမှာ ရွေးကောက်ပွဲကျင်းပခြင်းအားဖြင့် မတူကွဲပြားမှုကို ပြသနိုင်ဖို့လိုအပ်ကြောင်း ဂရေဟမ်အနေနဲ့ မှတ်ချက်ပေးပါတယ်။

ဒါ့အပြင် ဥပဒေပြောင်းလဲရေး လိုအပ်ချက်နဲ့ ငွေကြေးထောက်ပံ့မှုဆိုင်ရာ မေးခွန်းစတဲ့ ကိစ္စရပ်တွေနဲ့ပက်သက်ပြီး ဇယ်လန်းစကီးက ဂရေဟမ်နဲ့ ဆွေးနွေးခဲ့တယ်လို့  1+ 1 Channelနဲ့ ရုပ်သံအင်တာဗျူးမှာ အတည်ပြုပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013