DVB Logo
Home
အားကစား
အသင်းသစ်ရှာမရသေးသည့် ဟာဇက် ကစားသမားဘဝမှ အနားယူရန် နီးစပ်
DVB
·
August 29, 2023
Donate to DVB

လက်ရှိအချိန်အထိ အသင်းသစ်ရှာမရသေးတဲ့ ဘယ်လ်ဂျီယံကစားသမား အေဒင်ဟာဇက်ဟာ ကစားသမားဘဝကနေ အနားယူဖို့နီးစပ်လာပါတယ်။

အသက် ၃၂ နှစ်ရှိဟာဇက်ဟာ မနှစ်ကရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် လိဂ်ပွဲစဉ် ၆ ပွဲသာ ကစားခဲ့ရပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးခဲ့လို့ အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။

ဟာဇက်အနေနဲ့ အမေရိကန်မေဂျာလိဂ်ကလပ်တွေ၊ ဆော်ဒီလိဂ်နဲ့ ပြင်သစ်လိဂ်တွေက ကလပ်တွေနဲ့ ချိတ်ဆက်မှုတွေရှိခဲ့ပေမဲ့ အဆင်မပြေဖြစ်နေဆဲဖြစ်နေတာပါ။

ဟာဇက်ရဲ့အစ်ကိုဖြစ်သူကတော့ ကလပ်အသင်း ၆ သင်းရဲ့ကမ်းလှမ်းချက်ကို ပယ်ချခဲ့တယ်လို့ ပြောထားတာပါ။

ပြင်သစ်မီဒီယာတစ်ခုကတော့ ဟာဇက်အနေနဲ့ သူ့အတွက် အဆင်ပြေနိုင်တဲ့ ကလပ်အသင်း ရှာမတွေ့တာကြောင့် ကစားသမားဘဝကနေ အနားယူဖို့သွားဖို့ ကြံရွယ်နေပြီဖြစ် ကြောင်းဖော်ပြပါတယ်။

ဟာဇက်ဟာ ချဲလ်ဆီးနဲ့ ၇ နှစ်အတွင်း ပွဲပေါင်း ၃၅၂ ပွဲကစားပြီးသွင်းဂိုး ၁၁၀ သွင်းခဲ့တာပါ။ သူဟာ ရီးရဲလ်မက်ဒရစ်နဲ့ လေးနှစ်ကြာကာလအတွင်းမှာတော့ ၇၆ ပွဲသာ ကစားခဲ့ရပြီး ၇ ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013