DVB Logo
Home
အားကစား
ဆော်ဒီကလပ်၏ မက်မောစရာကမ်းလှမ်းမှုကို ဟာဇက် လက်မခံ
DVB
·
November 22, 2023
ဆော်ဒီကလပ်၏ မက်မောစရာကမ်းလှမ်းမှုကို ဟာဇက် လက်မခံ
Donate to DVB

ဆော်ဒီကလပ်အသင်းတွေရဲ့ မက်မောစရာ ကမ်းလှမ်းမှုတွေကို ဟာဇက်ဘက်က လက်မခံခဲ့ကြောင်း အသင်းဖော်ဟောင်း အိုဘီမီခေးလ်က ထုတ်ဖော်ပြောပါတယ်။ 

မီခေးလ်နဲ့ ဟာဇက်တို့ဟာ ချဲလ်ဆီးအသင်းမှာ အတူတွဲဖက်ကစားခဲ့ကြသူတွေပါ။ ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းချက်တွေကို လက်ခံရရှိခဲ့ကြောင်း ဟာဇက်က မီခေးလ်ကို ပြောပြခဲ့ပြီး ငွေကြေးက အဓိကမဟုတ်တော့တာကြောင့် လက်မခံခဲ့တာဖြစ်ကြောင်း မီခေးလ်က ပြောပါတယ်။

အသက် ၃၂ နှစ်ပဲ ရှိသေးတဲ့ ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ကလပ်အသင်းများစွာရဲ့ ကမ်းလှမ်းမှုတွေရှိခဲ့ပေမဲ့ ကစားသမားဘ၀ကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဟာဇက်ဟာ ၂၀၁၉ ခုနှစ်က ချဲလ်ဆီးကနေ ပေါင်သန်း ၁၅၀ လောက်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013