DVB Logo
Home
နိုင်ငံတကာ
ကရင်အပါအဝင် တိုင်းရင်းသားများအခွင့်အရေး တလက်မအလျော့မခံဆောင်ရွက်မည်ဟု MFP ပါတီဥက္ကဋ္ဌ ထိမ်းဖိထားပြော 
DVB
·
August 28, 2023
ကရင်အပါအဝင် တိုင်းရင်းသားများအခွင့်အရေး တလက်မအလျော့မခံဆောင်ရွက်မည်ဟု MFP ပါတီဥက္ကဋ္ဌ ထိမ်းဖိထားပြော 
Donate to DVB

ထိုင်းနိုင်ငံမှာ ကရင်အပါအဝင် တိုင်းရင်းသားလူမျိုးအားလုံးရဲ့  အခွင့်အရေးအတွက် တန်းတူညီမျှ တလက်မအလျော့မခံ အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ Move Forward Party  (MFP) ဥက္ကဋ္ဌ ထိမ်းဖိထား လိုမ့်ကျရွန်းရတ်က  ပြောကြားလိုက်ပါတယ်။

ဩဂုတ် ၂၇ ရက်က ဘန်ကောက်မြို့၊ ခလောင်းဆမ်ဝါးနယ်မြေ၊ ဝပ်ဖယားဆူရင်းကျောင်းတိုက်မှာ ကျင်းပတဲ့ ကရင့်ရိုးရာ  လက်ဖွဲ့ ချည်နှောင်ပွဲမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

သူ့အနေနဲ့ နိုင်ငံရေးလောကထဲရောက်လာတာနဲ့ တိုင်းရင်းသားတွေရဲ့  ရိုးရာဓလေ့ထုံး တမ်းစဉ် လာတွေနဲ့ နက်ရှိုင်းစွာထိတွေ့ခဲ့ရတယ်၊ ကောက်သစ်စားပွဲတွေလည်းတက်ခဲ့ဖူးတယ်၊ ဒီ လက်ဖွဲ့ချည်နှောင်ပွဲတက်ရတာလည်း ဂုဏ်ယူတယ်၊ လက်ဖွဲ့မချည်ရသေးပေမဲ့ လိပ်ပြာတွေ အပြည့် ပြန်ရောက်လာပြီလို့  ဆိုပါတယ်။

ကရင်တိုင်းရင်းသားတွေရဲ့တန်ဖိုး  သူ့ရင်မှာအမြဲရှိတယ်၊ သူဝတ်ထားတဲ့ ကရင်ရိုးရာ အင်္ကျီဟာ  အရှေ့ကဒီလိုဆိုရင် အနောက်ကလည်း ဒီလိုပဲ၊ ရိုးသားဖြောင့်မတ်မှုကိုပြတယ်၊ ကျနော့်ကို လက်ဆောင်ပေးတဲ့ ဒီကရင်အင်္ကျီမှာ ကော်လာမရှိ၊ အနားကွပ်မရှိ၊ အိပ်ကပ်မရှိ ဒါဟာ ပကာ သနမရှိတာ၊ တပြင်တည်း တသားတည်း တည့်မတ်နေတာကို ဖော်ပြတာဖြစ်တယ်၊ နိုင်ငံရေးသမားအနေနဲ့ ကရင်နဲ့တကွ တခြား တိုင်းရင်းသားတွေဘက်ကနေ ရပ်တည်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လူမျိုးပေါင်းစုံရှိနေတာဟာ ဒီနိုင်ငံရဲ့ အားသာချက်ပဲ၊ အားနည်းချက်မဟုတ်ဘူး၊  ထိုင်းမှာ တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်တဲ့ မူဝါဒဒေါက်တိုင်ကြီး ၄ ခုရှိ တယ်၊ အဲဒါက နိုင်ငံသားဖြစ်ခွင့်၊ ကျန်းမာရေး၊ ပညာရေး၊ ရေ၊ မီးအစရှိတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေပါတယ်၊ တိုင်းရင်းသားတွေအနေနဲ့ အဲဒီအခွင့်အရေးတွေနဲ့အညီသိက္ခာ ရှိစွာနေရဖို့ တန်းတူညီမျှရှိရမယ်၊ တလက်မမှ အလျော့မခံစေရဘူးလို့  ပြောသွားပါတယ်။

ကရင့်ရိုးရာလက်ဖွဲ့ချည်နှောင်ပွဲကို နှစ်စဉ်ဝါခေါင်လမှာ ကျင်းပလေ့ရှိပြီး အနယ်အရပ်ရပ်မှာ ပျံ့လွင့်နေတဲ့ မျိုးနွယ်စုလိပ်ပြာတွေ လာရောက်စုစည်းဖို့ ပြန်ခေါ်တဲ့အနေနဲ့ လည်းကောင်း၊ လူတွေရဲ့  ပျံ့လွင့်နေတဲ့ စိတ်တွေပြန်လည်တည်ငြိမ်ကာ သမာဓိအားကောင်းအောင် တည်ဆောက် တဲ့အနေနဲ့လည်းကောင်းကျင်းပရတာဖြစ်တယ်လို့  အခမ်းအနားမှူးက ပြောပါတယ်။ 

ဒီပွဲတော်ကို ပြည်ပရောက် ကရင်ဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။

ဘန်ကောက်နဲ့တကွ အနယ်နယ်အရပ်ရပ်က ကရင်တိုင်းရင်းသားမျိုးနွယ်ထောင်ချီ လာရောက်ဆင်နွဲခဲ့ပြီး၊  MFP ပါတီ ခေါင်းဆောင် ထိမ်းဖိထားနဲ့တကွ ပါတီဝင်တွေ၊ တိုင်းရင်းသား ဧည့်သည်တော်တွေကို လှိုက်လှဲစွာကြိုဆိုကာ လက်ဖွဲ့ချည်မျှင်တွေ ချည်နှောင်ပေးခဲ့ပါတယ်။

ထိမ်းဖိထားကလည်း ကရင်ဘာသာနဲ့  “အော်ဆိုလာဆိုင်း - ဘရူလာဂယ့်ထိုင် ” ( မင်္ဂလာပါ လိပ်ပြာတွေရောက်လာကြပြီလား)လို့ နှုတ်ဆက်လိုက်တဲ့အခါ ကရင်တိုင်းရင်းသားတွေက သဘောကျစွာတီးခတ်လိုက်တဲ့  လက်ခုပ်ဩဘာသံ ဆူညံသွားပါတယ်။

သူဟာ ဝန်ကြီးချုပ်အဖြစ် အရွေးမခံရပေမဲ့  လူအုပ်ကြီးက သူ့ကို ဖိထား ဝန်ကြီးချုပ်လို့ အော်ဟစ်နှုတ်ဆက်ကြသလို တချို့ကလည်း သူ့ရုပ်ပုံပန်းချီကားတွေ မြှောက်ကာ ကောင်း ချီးပေးခဲ့ကြပါတယ်။  တချို့ကတော့ သူ့ကိုမြင်ရဖို့အတွက် သစ်ပင်ပေါ်တက်ပြီး ကြည့်ခဲ့ ကြပါတယ်။ 

Photo Credit-OKRSO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013