DVB Logo
Home
နိုင်ငံတကာ
ဇင်ဘာဘွေရွေးကောက်ပွဲ လက်ရှိသမ္မတ ဒုတိယသက်တမ်းအတွက် အနိုင်ရ
DVB
·
August 27, 2023
ဇင်ဘာဘွေရွေးကောက်ပွဲ လက်ရှိသမ္မတ ဒုတိယသက်တမ်းအတွက် အနိုင်ရ
Donate to DVB

ဒီတပတ်ထဲ ကျင်းပခဲ့တဲ့ ဇင်ဘာဘွေနိုင်ငံရဲ့  ရွေးကောက်ပွဲမှာ လက်ရှိသမ္မတဖြစ်သူ အမ်မာဆန် မနန်ဂါဂွာက မဲအရေအတွက် ၅၂ ရာခိုင်နှုန်းကျော်နဲ့အတူ ဒုတိယသက်တမ်းအတွက် အနိုင်ရရှိ သွားတယ်လို့ သိရပါတယ်။ 

သြဂုတ် ၂၆ ရက်နှောင်းပိုင်းမှာ ဇင်ဘာဘွေနိုင်ငံရဲ့  ရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးရလဒ်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ်မှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ကာလကြာရှည် ခေါင်းဆောင်ဖြစ်တဲ့ ရောဘတ် မူဂါဘီရဲ့  ရာထူးအာဏာကို မနန်ဂါဂွာ က ရယူခဲ့တာပါ။ 

ဒီတစ်ခေါက် ရွေးကောက်ပွဲမှာ အာဏာရပါတီကို အသာစီးပေးထားတယ်လို့ လေ့လာသုံးသပ်သူတွေ က ဝေဖန်ခဲ့ကြတဲ့အတိုင်း မနန်ဂါဂွာသာ ပြန်လည် ရွေးကောက်ခံရမယ် ဆိုပြီး အများအပြား မျှော်မှန်းခဲ့ကြပါတယ်။ 

ဇင်ဘာဘွေသမ္မတရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ နယ်လ်ဆင် ခမီဆာ (Nelson Chamisa) ကတော့ ဆန္ဒမဲစုစုပေါင်းရဲ့ ၄၄ ရာခိုင်နှုန်းသာ ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်အရ သိရပါတယ်။

ခမီဆာဟာ အဓိကအတိုက်အခံပါတီဖြစ်တဲ့ အပြောင်းအလဲအတွက် ပြည်သူ့မဟာမိတ်အဖွဲ့ (CCC) ကို ဦးဆောင်နေသူ ဖြစ်ပါတယ်။ 

ဒါ့အပြင် ၂၀၁၈ ခုနှစ်က နောက်ဆုံးကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာလည်း မနန်ဂါဂွာ က ခမီဆာ ကို နှာတဖျားအသာနဲ့ အနိုင်ရခဲ့ဖူးပါတယ်။ 

အတိုက်အခံတွေဘက်က ဒီရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိနေတယ်လို့ စွပ်စွဲထားပေမယ့်လည်း အခြေခံဥပဒေဆိုင်ရာ ခုံးရုံးကတော့ ဒီရလဒ်ကိုသာ အတည်ပြုခဲ့ပါတယ်။ 

မနန်ဂါဂွာရဲ့  ဇာနူး - ပီအက်ဖ် (ZANU-PF) ပါတီဟာ ဆယ်စုနှစ် ၄ ခုကျော်တဲ့အထိ အာဏာရ လာခဲ့ တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013