ဖူဟမ်အသင်းနဲ့ ပွဲစဉ်မှာ နိုင်ပွဲမရခဲ့တဲ့အပေါ် လက်ခံနိုင်ဖို့ ခက်ခဲကြောင်း အာဆင်နယ်နည်းပြ အာတီတာက ပြောသွားပါတယ်။
အာဆင်နယ်အသင်းဟာ ဖူဟမ်ကို ပွဲချိန်တစ်မိနစ်ကတည်းက ဦးဆောင်ဂိုးပေးလိုက်ရပေမဲ့ ချေပဂိုး နဲ့ အနိုင်ဂိုးတွေသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၁၅ မိနစ်လောက် တစ်ယောက်အသာနဲ့ ကစားခဲ့ရတာပါ။
ဒါပေမဲ့ တစ်ယောက်လျှော့ ဖူဟမ်အသင်းက ချေပဂိုးသွင်းခဲ့တာကြောင့် ၂ ဂိုးစီ သရေရလဒ်နဲ့ပွဲ ပွဲပြီးဆုံးသွားခဲ့တာပါ။
အာဆင်နယ်အသင်းအနေနဲ့ ချေပဂိုးပေးလိုက်ရပြီးနောက်မှာ မျှော်လင့်ထားသလို ပြန်လည် တုံ့ပြန်နိုင်ခဲ့ကြောင်း၊ အပိုင်အခွင့်အရေးတွေဘယ်နှစ်ကြိမ်ရခဲ့သလဲတောင် မမှတ်မိတော့ကြောင်း ပွဲအပြီးမှာ နည်းပြ အာတီတာက ပြောပါတယ်။
“တည်ကန်ဘောတွေကို ကာကွယ်ရာမှာ ဂိုးဧရိယာထဲမှာ အဓိကာကွယ်မှုပြုလုပ်ရမှာဖြစ်ပြီး အဲဒီလို မလုပ်နိုင်ရင် ပြိုင်ဘက်ကို အခွင့်အရေးပေးရပြီး သူတို့က သွင်းယူရုံပါပဲ။ အဲဒီလိုအခြေအနေကနေ ဂိုးပေးလိုက်ရတာဟာစိတ်ပျက်စရာကောင်းပါတယ်။ ကျနော်တို့ နိုင်ပွဲမရခဲ့တာက လက်ခံနိုင်ဖို့ အမှန်တကယ်ခက်ခဲပါတယ်။”
အာဆင်နယ်အနေနဲ့ ရရှိခဲ့တဲ့အခွင့်အရေးတွေသာအသုံးချနိုင်မယ်ဆိုရင် ၆ ဂိုး ဂိုးအထိ ရရှိနိုင်ကြောင်းလည်း နည်းပြအာတီတာက ပြောသွားပါတယ်။
Photo-Reuters