DVB Logo
Home
Lead Story
မူးယစ်နွယ်ဝင် Magic Mushrooms (မှော်မှို) ဆိုသည်မှာ
DVB
·
August 26, 2023
မူးယစ်နွယ်ဝင် Magic Mushrooms (မှော်မှို) ဆိုသည်မှာ
Donate to DVB

Magic Mushroom မှော်မှို သို့မဟုတ် Psilocybin ဆိုင်လိုစိုင်ဘင်း မှိုတွေမှာ အာရုံစူးစိုက်မှုကို ပိုတက်ကြွစေတဲ့ ဓာတ်ပေါင်းတွေပါဝင်တဲ့ မူးယစ်မျိုးနွယ်ဝင်‌‌ထဲမှာ ပါဝင်တာဖြစ်တဲ့အပြင် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားမှာ အဆိုပါမှို စိုက်ပျိုးခြင်း၊ လက်ဝယ်ထားရှိခြင်းနဲ့ စားသုံးခြင်းတို့ဟာ ဥပဒေအရ တရားမဝင်ဘူးလို့ သိရပြီး လူသုံး ကုသဆေးဝါး တချို့တွေမှာတော့ ကန့်သတ်ပမာဏနဲ့ သုံးစွဲခွင့်ရထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေကို ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်မှာ ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်မှာ ပြင်ဆင်ထုတ်ပြန်တဲ့ ဥပ‌‌ဒေမှာ psilocybin ဆိုင်လိုစိုင်ဘင်းမှိုတွေကို Schedule II ဆေးဝါးအဖြစ် အမျိုးအစားခွဲထားပြီး လက်ဝယ်ထားရှိခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် စိုက်ပျိုးခြင်းတို့ကို တရားမဝင်ဘူးလို့ ပြဋ္ဌာန်းထားပါတယ်။

၂၀၂၃ ဩဂုတ်လ တတိယပတ်မှာ မြန်မာနိုင်ငံ၊ မန္တလေးမြို့မှာ မှော်မှိုသုံးစွဲထားပြီး စိတ်မငြိမ်တဲ့ အမျိုးသားတဦး ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ဖြစ်စဉ်နဲ့ ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတဦး မှော်မှိုပမာဏ အနည်းငယ်သုံးစွဲမိလို့ စိတ်လွတ်ပြီး သူနေထိုင်တဲ့ တိုက်ခန်းနဲ့ မိသားစုဝင်တွေကို ရန်ပြုမိတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဆိုပါ မှော်မှိုသုံးစွဲခြင်းကနေ ဆိုးကျိုးတွေ ပေါ်ထွက်လာပေမဲ့ လူမှုကွန်ရက်တွေကနေ ရောင်းဝယ်ဖြန့်ဖြူးနေတဲ့ စာမျက်နှာတချို့နဲ့ ကောင်းကျိုးတွေရှိတယ်လို့ ဆိုကာ သုံးစွဲဖို့ အားပေးထောက်ခံတဲ့သူတွေ ရှိနေတဲ့အပြင် ဘန်းစကားအနေနဲ့ “Trip” တယ်လို့ ခေါ်ဝေါ်တယ်လို့ သိရပြီး ပတ်သက်သမျှသူတွေဟာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ တရားဥပဒေဆိုင်ရာ အကျိုးဆက်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

မှော်မှို / ဆိုင်လိုစိုင်ဘင်းမှုဟာ ဘယ်လိုပုံစံလဲ

အဆိပ်ပြင်းတဲ့ မှိုအများစုဟာ “မှော်မှို” နဲ့ဆင်တူပြီး မှားဖို့လည်း အလွန်လွယ်ကူကာ အဆိပ်အတောက်ရှိမှိုကို စားသုံးမိတဲ့လူတွေဟာ နေမကောင်း၊ အော့အန်တာတွေ အများဆုံး ဖြစ်လေ့ရှိပါတယ်။

မှော်မှိုတွေကို အစို သို့မဟုတ် အခြောက်လှန်းပြီးသားကို ရောင်းချလေ့ရှိတဲ့အပြင် အသုံးအများဆုံး အမျိုးအစားတွေက Liberty caps လစ်ဘာတီကပ် (Psilocybe semilanceata) နဲ့ fly agaric ဖလိုင်းအဂရစ် (Amanita muscaria) တို့ဖြစ်ပြီး ဖလိုင်းအဂရစ် fly agaric မှိုဟာ လစ်ဘာတီကပ် liberty cap မှိုထက် ပိုပြင်းပါတယ်။

မူးယစ်ဂိုဏ်းတွေက မှော်မှိုကနေ ဆိုင်လိုစိုင်ဘင်းကို အရည်အဖြစ် ဖန်ပုလင်းထဲထည့်ကာ ဖြန့်ဖြူးလာကြပြီး လစ်ဘာတီကပ် မှိုတွေမှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ စိတ်ကြွဆေး psilocybin ကို ထုတ်ယူထားတာ ဖြစ်ပါတယ်။

မှော်မှိုတွေက အရသာနဲ့ အနံ့ ဘယ်လိုရှိလဲ

လစ်ဘာတီကပ် Liberty caps တွေကို အများအားဖြင့် အစိမ်းစားကြပြီး အိမ်မှာ ချက်ပြုတ်ထားတဲ့မှိုလို အရသာမျိုး မဟုတ်ဘဲ ရော်ဘာတုံးလို ပုံစံကြောင့် ကြာကြာဝါးရလေ့ရှိကာ မြေကြီးခဲလို အရသာမျိုးလို့ သိရတဲ့အပြင် တချို့လူတွေက ကြက်ဥနဲ့ တွဲစားတာ၊ လီမွန်တီးလို လက်ဖက်ရည်ထဲ၊ အအေးနဲ့ တွဲသောက်တာတွေတောင် ရှိပါတယ်။

မှော်မှိုတွေရဲ့ ဂုဏ်သတ္တိဟာ လတ်ဆတ်မှု၊ ရာသီဥတုနဲ့ ပေါက်ရောက်တဲ့နေရာပေါ် မူတည်ပြီး ကွဲပြားတယ်လို့ သိရပြီး လူတွေရဲ့စိတ်မှာ ကယောင်ချောက်ချား မြင်ယောင်ကာ အရောင်၊ အနံ့၊ အသံ၊ အရသာ၊ အတွေ့အထိ စတာတွေနဲ့ ညင်သာတဲ့ အာရုံပုံရိပ်ယောင်တွေ ဖြစ်ပေါ်နိုင်ပါတယ်။

အဆိုပါ မှိုသုံးစွဲခြင်းကနေ

  • အကြောင်းမရှိ ရယ်မောခြင်း
  • ကြည်နူးတယ်လို့ ခံစားရခြင်း
  • ပတ်ဝန်းကျင်ရှိ လူ၊ အရာဝတ္ထုတွေကို ကြောက်ရွံ့စေနိုင်ခြင်း
  • စိတ်လှုပ်ရှားလွယ်၊ မထိန်းချုပ်နိုင်ခြင်းတွေ
  • ဒေါသထွက်လွယ်ခြင်း
  • အမြဲအထိတ်တလန့်ဖြစ်ခြင်း
  • အစိုးရိမ်လွန်ကဲခြင်းနဲ့
  • အော့အန်ဝာာတွေကိုလည်း ခံစားရနိုင်ပါတယ်။

သုံးစွဲတဲ့ပမာဏ၊ ပတ်ဝန်းကျင်၊ ဘယ်သူတွေနဲ့ ရှိနေသလဲ၊ သက်တောင့်သက်သာရှိမှု၊ စိတ်နေစိတ်ထားတွေဟာ ခံစားရမှုပေါ်ကို အများကြီး သက်ရောက်မှုရှိတယ်လို့ သိရပြီး စိတ်ဆိုးနေတဲ့အချိန်၊ စိုးရိမ်စိတ် ဒါမှမဟုတ် စိတ်ဓာတ်ကျနေတယ်ဆိုရင် မှော်မှိုတွေက အဲဒီခံစားချက်တွေကို ပိုဆိုးသွားစေနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအန္တရာယ်များ

မှော်မှိုသောက်တဲ့အခါ ကျန်းမာရေးအတွက် အကြီးမားဆုံးအန္တရာယ်က အဆိပ်ပြင်းတဲ့မှိုကို မှားယွင်းစားသုံးမိရာကနေ အချို့မှိုတွေဟာ အသက်‌သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

အဆိပ်ရှိတဲ့မှိုတွေကို စားမိပါက သိပ်မကြာခင် သိရှိနိုင်မှာဖြစ်ပြီး ဆေးအကူအညီ အမြန်ဆုံး ရယူဖို့ လိုအပ်တဲ့အပြင် ဆရာဝန်တွေ သိရှိနိုင်စေဖို့ စားသုံးမိတဲ့ မှိုနမူနာကို ပြသဖို့ လိုပါတယ်။

မှော်မှိုစားခြင်းက

  • မူးဝေခြင်း
  • နေမကောင်းဖြစ်လွယ်ခြင်း
  • ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့
  • ဗိုက်နာတာတွေအပြင်
  • စိတ်လွတ်နေချိန်မှာ ရလာမယ့်ဒဏ်ရာတွေ ရရှိစေနိုင်ပါတယ်။

စိတ်ကျန်းမာရေးအန္တရာယ်များ

စိတ်ကျန်းမာရေးပြဿနာ၊ စိတ်ကျဝေဒနာ၊ အထီးကျန်မှုတွေရှိပါက မှော်မှိုတွေဟာ ပိုဆိုးစေနိုင်တဲ့အပြင် အသိစိတ်လွတ်ကာ ထိန်းချုပ်နိုင်မှု ကင်းလွတ်ပြီး အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။

မှော်မှိုက ထုတ်ယူထားတဲ့ ကုသဆေးဝါးတွေဟာ Class A ဆေးဝါးဖြစ်ပြီး ကိုယ်တိုင်ပြုလုပ်ဖို့ ပေးကမ်းဖို့ သို့မဟုတ် ရောင်းချခြင်းက တရားမဝင်ဘူးလို့ သိရတဲ့အပြင် ဒီဆေးတွေကို လက်ဝယ်တွေ့ရှိ၊ ဖြန့်ဖြူးသုံးစွဲတာကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာနိုင်ငံ မူးယစ်ဆေးဝါး ဥပဒေအလိုက် ထောင်ဒဏ် ၇ နှစ်နဲ့ တသက်တကျွန်းပြစ်ဒဏ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

အရက်သောက်ပြီး ကားမောင်းနှင်ခွင့် မရှိသလို မှော်မှိုသောက်ပြီး ကားမောင်းနှင်ခြင်းဟာ အန္တရာယ်ရှိတာကြောင့် တားမြစ်ထားတယ်လို့ သိရပြီး ငွေဒဏ်၊ ကားမောင်းခွင့်ပိတ်ပင်ခြင်း သို့မဟုတ် ထောင်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။

အိမ်၊ ကလပ်၊ ဘား သို့မဟုတ် တည်းခိုခန်းတွေမှာ မှော်မှို အပါအဝင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတွေကို ဖမ်းဆီးရမိပါက အိမ်ပိုင်ရှင်၊ ကလပ်ပိုင်ရှင်တွေပါ သက်ဆိုင်ရာ ဥပဒေတွေအရ ဖမ်းဆီးအရေးယူခံရမှာ ဖြစ်ပါတယ်။

ဝေယံဦးကြည်

Ref: Frank

(Frank ဝက်ဘ်ဆိုက်မှာရေးသားဖော်ပြထားတဲ့ Magic mushrooms မူရင်းဆောင်းပါးကို ဘာသာပြန်ဆိုပြီး ဖြည့်စွက်ရေးသားထားပါတယ်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013