DVB Logo
Home
မြန်မာသတင်း
တော်လှန်အနုပညာရှင် အဆိုတော် ကျားပေါက် သီချင်းအယ်လ်ဘမ်သစ်-Public Enemy ထွက်ရှိ
DVB
·
August 25, 2023
တော်လှန်အနုပညာရှင် အဆိုတော် ကျားပေါက် သီချင်းအယ်လ်ဘမ်သစ်-Public Enemy ထွက်ရှိ
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ ရှေ့တန်းကနေ တော်လှန်ပါဝင်နေတဲ့ အဆိုတော် ကျားပေါက်(ခ)ဟန်ထူးလွင်ရဲ့ တေးသီချင်းအယ်လ်ဘမ်သစ် အခုရက်ပိုင်းမှာ ထွက်ရှိလာပါတယ်။

Public Enemy လို့ အမည်ပေးထားတဲ့ ဒီတေးအယ်လ်ဘမ်ထဲမှာတော့ အယ်လ်ဘမ်ခေါင်းစဉ် Public Enemy အပါအဝင် Allegory of a Stateless Father ၊ OMG ၊ Heavy Rock ၊ Dwarf Star ၊ If I Were You ၊ Bird Eye View ၊ Samsara & Freewill ၊ လမ်းပျောက်ကြယ် ၊ That's What NickelBack Said စတဲ့ သီချင်း ၁၀ ပုဒ် ပါဝင်နေတာပါ။

ကျားပေါက်(ခ)ဟန်ထူးလွင်ဟာ နာမည်ကြီးအဆိုတော် ရင်ဂိုရဲ့ မျိုးဆက်ရင်သွေး တယောက်ဖြစ်ပြီး ပန့်ခ်အမျိုးအစား သီချင်းတွေနဲ့ ဆယ်ကျော်သက်အရွယ်ကတည်းက Big Bag တေးဂီတအဖွဲ့နဲ့အတူ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

ပန့်ခ်အကြောင်းအပြောနဲ့၊ အားလုံးအတွက်ပန့်ခ်၊ AD 3000၊ တယ်လီပန်ခ့်စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေကစလို့ ထင်ရှားတဲ့ သီချင်းပေါင်းများစွာကို ရေးသား သီဆိုအောင်မြင်ခဲ့တဲ့ ကျားပေါက်ဟာ ဝါသနာပါရာ စာပေရေးသားမှုတွေ၊ ပန်းချီဆွဲတာတွေကိုလည်း လုပ်ဆောင်နေသူ တယောက်ပါ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် အဆိုတော် ကျားပေါက်ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ကာ အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်ရေးမှာ ပါဝင်ခဲ့တာကြောင့် တခြားသော တော်လှန်အနုပညာရှင်တွေနဲ့အတူ မြန်မာနိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) ကနေ ဧပြီ ၁ ရက်မှာ ကြေညာခံခဲ့ရပြီးနောက် တိမ်းရှောင်နေခဲ့ရတာ ဖြစ်ပါတယ်။

အဆိုတော် ကျားပေါက်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်ခင်ကာလတုန်းကလည်း “ကြောက်ခေတ်”လို့ အမည်ပေးထားတဲ့ သီချင်းတပုဒ်ကို ကိုယ်တိုင်ရေးသား သီဆိုထားခဲ့ပြီး ပြည်သူတွေကြား ရေပန်းစားခဲ့ပါသေးတယ်။      

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းတုန်းကလည်း Giants On My Shoulders အမည်နဲ့ စာအုပ်ထွက်ရှိထားခဲ့ကာ စတင်ရောင်းချချိန် နာရီပိုင်းအတွင်း တစက္ကန့်ကို မက်ဆေ့ချ်တစောင်နှုန်းနဲ့ အမှာစာတွေ လက်ခံရရှိတယ်လို့ သိရပါတယ်။

အဆိုတော် ကျားပေါက်ဟာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်ကလည်း နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် သူကိုယ်တိုင် Doodle Art ရေးဆွဲထားတဲ့ Ukulele ကို အွန်လိုင်းမှာ လေလံတင်ခဲ့ပြီး အပိတ်စျေး အမေရိကန်ဒေါ်လာ ၂၇,၅၀၀ (မြန်မာကျပ်ငွေ သိန်း ၆၀၀ ဝန်းကျင်) နဲ့ ကမ္ဘာ့စျေးအကြီးဆုံး Ukulele အဖြစ် လူသိများခဲ့ပါသေးတယ်။

Public Enemy သီချင်းအယ်လ်ဘမ် နားဆင်ရန် ယူကျုဘ်လင့်ခ်-

https://www.youtube.com/watch?v=0y8jy3YTSkg&list=OLAK5uy_mGftFiHN5mAzWzFm3zE6hxMmUY8gucjb8&ab_channel=KyarPauk-Topic
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013