DVB Logo
Home
နိုင်ငံတကာ
သက်ငယ်မုဒိမ်းမှုကျူးလွန်သူ ကျောင်းအုပ် ၁ ဦးကို မဲလ်ဘုန်းတရားရုံးက ထောင်ဒဏ် ၁၅ နှစ်ချ
DVB
·
August 25, 2023
သက်ငယ်မုဒိမ်းမှုကျူးလွန်သူ ကျောင်းအုပ် ၁ ဦးကို မဲလ်ဘုန်းတရားရုံးက ထောင်ဒဏ် ၁၅ နှစ်ချ
Donate to DVB

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ သက်ငယ်ကျောင်းသူဟောင်းနှစ်ယောက်အပေါ်   လိင်ပိုင်းဆိုင်ရာစော်ကားခဲ့မှုနဲ့    အော်သိုဒေါ့ဂျူးစာသင်ကျောင်းရဲ့ ကျောင်းအုပ်ဖြစ်သူကို  တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။

မယ်လ်ကာလိုက်ဖှာဟာ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်ကြား မိန်းကလေးတွေအပေါ်   မုဒိမ်းမှု၊ မဖွယ်မရာပြုမှုတို့ အပါအဝင် လိင်ပိုင်းဆိုင်ရာပြစ်မှု ၁၈ မှုအတွက် အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ထောင်ဒဏ် အမိန့်ချလိုက်တာပါ။

ကျောင်းတွင်း မြေပြင်မှာ၊ သော့ခတ်ထားတဲ့ ဝန်ထမ်းရုံးခန်းတွေ၊ ကျောင်းတွင်း စခန်းတွေနဲ့ လိုက်ဖှာရဲ့ နေအိမ်တို့မှာ သူတို့ ဆယ်ကျော်သက်ဘဝ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်တွေ အတွင်း သူတို့ကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တယ်လို့ ညီအစ်မတွေယောက်က လိုက်ဖှာကို စွပ်စွဲခဲ့ ပါတယ်။

လိုက်ဖှာဟာ ညီအစ်မ နှစ်ယောက်အပေါ် အပြစ်ကျူးလွန်ခဲ့တယ်လို့ တရားရုံးက ဧပြီလတုန်းက ဆုံးဖြတ်ခဲ့ပါတယ်။

ကျောင်းအုပ်ဖြစ်သူ အသက် ၅၆ နှစ်အရွယ် လိုက်ဖှာကတော့ စွဲချက်အားလုံးမှာ အပြစ်မရှိဘူးလို့ ပြောဆို ငြင်းဆန်ပါတယ်။

အစ္စရေးနိုင်ငံသား အဖြစ်လည်းခံယူထားသူ လိုက်ဖှာဟာ ၂၀၀၈ ခုနှစ်မှာ စွပ်စွဲမှုတွေ ပေါ်ပေါက် လာပြီးတဲ့နောက် ၂၀၂၁ ခုနှစ်မှာ သူ့ကို တရားစီရင်ဖို့ အစ္စရေးနိုင်ငံက ဩစတြေးလျနိုင်ငံဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013