DVB Logo
Home
နိုင်ငံတကာ
အစ္စရေး  သဘာဝဘေးမဲ့တောတွင် ကျောက်ဆောင်ပြိုကျပြီး ကလေး ၁ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ
DVB
·
August 25, 2023
အစ္စရေး  သဘာဝဘေးမဲ့တောတွင် ကျောက်ဆောင်ပြိုကျပြီး ကလေး ၁ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ
Donate to DVB

အစ္စရေးနိုင်ငံ ပင်လယ်သေအနီးရှိ နာမည်ကျော် အိုင်းန်ဂဒီ သဘာဝဘေးမဲ့တောတခုမှာ ကျောက်ဆောင်ပြိုကျမှုကြောင့် သြဂုတ်လ ၂၄ ရက်က ကလေးငယ်တယောက် သေဆုံးပြီး အနည်းဆုံး လူ ၈ ယောက် ဒဏ်ရာ ရရှိခဲ့ကြောင်း အစ္စရေး လူနာတင်ယာဉ်ဝန်ဆောင်မှုဌာနက ပြောကြားခဲ့ပါတယ်။

မနက် ၉ နာရီခွဲလောက်က နာဟဲလ်ဒေးဗစ် စမ်းချောင်းမှာ ကျောက်တုံးတွေ ပြုတ်ကျတယ်လို့ သတင်းရလို့ စစ်ဆေးရေးမှူးတွေ၊ အိုင်းန်ဂဒီကယ်ဆယ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ သက်ဆိုင်ရာ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေအားလုံးကို ချက်ချင်းအကြောင်းကြားခဲ့တယ်လို့ အိုင်းန်ဂဒီ သဘာဝ ဘေးမဲ့တောရဲ့ လက်ထောက်ညွှန်ကြားရေးမှူး လီယောလဗ်က ပြောပါတယ်။

အဲဒီစမ်းချောင်းကို သေချာစစ်ဆေးကြည့်ရှုနေပြီး ဒဏ်ရာရသူလေးယောက်ကို ကယ်ဆယ်ခဲ့ကာ ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်းနဲ့ လောလောဆယ် စမ်းချောင်းကို ပိတ်ထားတယ်လို့လည်း သူက ဆိုပါတယ်။

ရဲတပ်ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး စစ်တပ်ကလည်း ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ဆယ်ဖို့ ရဟတ်ယာဉ်တွေ စေလွှတ်ပေးခဲ့ပါတယ်။

သူတို့ထဲက တချို့ဟာ အပျက်အစီးတွေအောက် ပိတ်မိနေခဲ့ကြပြီး ကုသမှုခံယူဖို့ လေကြောင်းနဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။

မြေပြင်အနေအထားက ခက်ခဲတာကြောင့် လူနာတင်ယာဉ်တွေကို ရပ်ထားခဲ့ရပြီး ကျောက်ဆောင်ပြိုကျတဲ့ နေရာအထိရောက်ဖို့ ၂၅ မိနစ်လောက် လမ်းလျှောက်ခဲ့ရကြောင်း အခင်းဖြစ်ပွားရာနေရာမှ ဆေးဝန်ထမ်းတွေက ပြောပါတယ်။

အိုင်းန်ဂဒီကန္တာရချောက်ကမ်းပါးတွေမှာ မြေပြိုကျမှု သတိပေးချက်တွေ ရှိနေကျဖြစ်ပေမဲ့ ရဲတပ်ဖွဲ့ကတော့ သူတို့ဟာ ကျောက်ဆောင်ပြိုကျမှုရဲ့ ဇာစ်မြစ်ကို ပိုပြီး နားလည်သဘောပေါက်အောင် ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013