DVB Logo
Home
မြန်မာသတင်း
ဟစ်ပ်ဟော့ပ်အဆိုတော် ဗျူဟာ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရ
DVB
·
August 24, 2023
ဟစ်ပ်ဟော့ပ်အဆိုတော် ဗျူဟာ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရ
Donate to DVB

စစ်ကောင်စီကို ဝေဖန်မှုနဲ့  ဖမ်းဆီးခံနေရတဲ့ ဟစ်ပ်ဟော့ပ်အဆိုတော် ဗျူဟာ ကို   သြဂုတ် ၂၃ ရက်မှာ  အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက ရန်ကုန်မှာ လျှပ်စစ်မီးတွေ အလွန်အကျွံ ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေလို့ ဟစ်ပ်ဟော့ပ်အဆိုတော်တဦးဖြစ်သူ ဗျူဟာက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဝေဖန်ပြောဆိုခဲ့တဲ့အတွက်  မေလ ၂၄ ရက်နေ့မှာ စစ်ကောင်စီက နေအိမ်အထိ လာရောက် ဖမ်းဆီးသွားခဲ့တာပါ။

မိသားစုနဲ့ နီးစပ်သူတဦး “၅ဝ၅(က) နဲ့ပဲ ဆွဲရာကနေ ပုဒ်မ ၁၂၄ ထပ်တိုးပြီး ဒီကနေ့ (ဩဂုတ် ၂၃ ) မနက်ပဲ အင်းစိန်ခုံရုံးကနေ အမိန့်ချတာပါ။ ကိုဗျူဟာ့ကျန်းမာရေး ကောင်းပါတယ်။ စိတ်တော့သိပ်ကောင်းမယ်မထင်ဘူး။ ဘာမှတော့ မပြောချင်တော့ပါဘူး၊ သူတို့ခေတ်ပဲကိုး” လို့ ပြောပါတယ်။

လူငယ်အဆိုတော် ဗျူဟာက စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး အပါအဝင် လျှပ်စစ်ဌာနဝန်ထမ်းတွေကို ထိထိရောက်ရောက် ဝေဖန်ထားပြီး အရပ်သားအစိုးရ အုပ်ချုပ်ကာလ ၅ နှစ်နဲ့ စစ်ကောင်စီ အုပ်ချုပ်ကာလ လျှပ်စစ်မီး ရရှိ/ပြတ်တောက်မှုတွေကို ဝေဖန်ထားတဲ့ ဗွီဒီယိုဖိုင်ကို မျှဝေအပြီးမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာပါ။

အဆိုတော်ဗျူဟာ ဖမ်းဆီးခံရပြီး စခန်းပြန်ပို့တဲ့အချိန်အထိ မိသားစုနဲ့ ၄/၅ ကြိမ်လောက် တွေ့ခွင့်ရခဲ့ပေမဲ့  ဇွန်လ ၆ ရက်နေ့ အင်းစိန်ထောင်ကို ပို့ဆောင်ခံရပြီး နောက်ပိုင်း ထောင်ဒဏ်ချမှတ်ခံရတဲ့အချိန်ထိ မိသားစုနဲ့ ထပ်တွေ့ဆုံခွင့်မရတော့ပါဘူး။ 

အဆိုတော်ဗျူဟာ,ဟာ နာမည်ကြီး တေးရေးဆရာ နိုင်မြန်မာရဲ့ သားဖြစ်ပြီး သူ ထောင်ဒဏ်ချမှတ်ခံရစဉ်မှာ အမျိုးသမီးနဲ့ ကလေးနှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013