Home
မြန်မာသတင်း
ပုသိမ်မြို့ပေါ်တွင် ဆိုင်ကယ်ခိုးမှုနှင့် လုယက်မှု ပိုများလာ
DVB
·
August 23, 2023

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်မှာ ဆိုင်ကယ်ခိုးမှုတွေ၊ လုယက်မှုတွေ ပိုမိုဖြစ်ပွားလာကြောင်း ပုသိမ်မြို့ခံတွေ ထံက သိရပါတယ်။

ပုသိမ်မြို့နေထိုင်သူတဦးက  “အခု အပြင်ထွက်ရမှာ နေ့ခင်းဆို စစ်အုပ်စုက ဆိုင်ကယ်ဖမ်း ငွေတောင်းတာတွေရှိတယ်။ ညဘက် လုယက်တာတွေ အခု အမြဲဖြစ်နေတာ။ ညဘက်ဆို ဆိုင်ကယ်ခိုးတာတွေ ဖြစ်နေတယ်။ သွားတိုင်တော့လည်း ထိထိရောက်ရောက် လုပ်ပေးတာမရှိဘူး” လို့ ပြောပါတယ်။

ပုသိမ်မြို့မှာ ယာဉ်စည်းကမ်းထိန်းသိမ်းရေး အကြောင်းပြချက်နဲ့ ဆိုင်ကယ်တွေ ဖမ်းဆီး ဒဏ်ရိုက်တာ နေ့တိုင်းပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပုသိမ်မြို့နေထိုင်သူတဦးက “ဆိုင်ကယ်မောင်းသွားရင် လိုက်လုတာတွေရှိတယ်။ လူ အသက်ရန်ရှာ လုတာတွေကော၊ ညဘက်ဆို စစ်တပ်ကော ရဲကော လှည့်ကင်းရှိနေတာတောင် ဖြစ်နေတာ။ ရဲစခန်းတိုင်ရင် ပိုက်ဆံထပ်ကုန်တာပဲရှိတာ၊ ပြန်လည်းမရဘူး၊ ရဲတွေက ဘာမှမလုပ်ပေးပါဘူး” လို့ ဒီဗွီဘီကို ပြောတယ်။

ပုသိမ်မြို့ပေါ် လူရှင်းတဲ့နေရာတွေမှာ ဆိုင်ကယ်စီးလာသူတွေကို ရိုက်နှက် လုယက်တာတွေ ပိုမိုများလာပြီး တရားဥပဒေစိုးမိုးမှုမရှိကြောင်း ပုသိမ်မြို့နေထိုင်သူတွေက ပြောဆို ဝေဖန်နေ‌ကြပါတယ်။

ပုသိမ်မြို့အုပ်ချုပ်ရေးအဖွဲ့က ရပ်ကွက်ကျေးရွာတွေမှာ ပြည်သူတွေနဲ့ လိုက်တွေ့ဆုံပြီး Green City၊ Smart City ဖြစ်အောင် လုပ်ဆောင်နေကြောင်း ရှင်းလင်းပြောကြားတာတွေရှိကြောင်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024