နောက်ကျောနာကျင်မှုဝေဒနာကို ခွဲစိတ်ကုသခဲ့တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ အသင်းရဲ့ပွဲစဉ် နှစ်ပွဲလောက်ကို ကိုင်တွယ်နိုင်မှာမဟုတ်ပါဘူး။
ဂွါဒီယိုလာဟာ နောက်ကျောဒဏ်ရာကို စပိန်နိုင်ငံ ဘာစီလိုနာမြို့က ဆေးရုံမှာ ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
ဂွါဒီယိုလာရဲ့ နောက်ကျော ဒဏ်ရာကို အရေးပေါ်ခွဲစိတ်ခဲ့ရတာဖြစ်ပေမဲ့ အသေးစားခွဲစိတ်မှုသာ ဖြစ်ပြီး မကြာခင် ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ကြောင်း စီးတီးဘက်က သတင်းထုတ်ပြန်ပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ရှက်ဖီးယူနိုက်တက်နဲ့ ကစားရမှာဖြစ်ပြီး စက်တင်ဘာ ၂ ရက်မှာ ဖူဟမ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာပါ။
နည်းပြဂွါဒီယိုလာ အနေနဲ့ အဲဒီပွဲစဉ် နှစ်ပွဲစလုံးမှာ ကြီးကြပ်နိုင်မှာ မဟုတ်ဘဲ နိုင်ငံတကာပွဲစဉ်တွေပြီးမှသာ အသင်းကို ပြန်လည်ကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။
မန်စီးတီးအသင်းကို လက်ထောက်နည်းပြဖြစ်သူ ဟွမ်မာလီယိုက တာဝန်ယူသွားမှာဖြစ်ပါတယ်။










