DVB Logo
Home
အားကစား
ဘုန်းမောက်နှင့်ပွဲ၌ အလစ္စတာ ပြသခံရသည့် အနီကတ်ပြစ်ဒဏ် ပယ်ဖျက်ပေး
DVB
·
August 23, 2023
ဘုန်းမောက်နှင့်ပွဲ၌ အလစ္စတာ ပြသခံရသည့် အနီကတ်ပြစ်ဒဏ် ပယ်ဖျက်ပေး
Donate to DVB

ဘုန်းမောက်နဲ့ပွဲစဉ်မှာ ပြသခံခဲ့ရတဲ့ လီဗာပူးကွင်းလယ်လူ အလစ္စတာရဲ့အနီကတ်ပြစ်ဒဏ်ကို ပြန်လည်ပယ်ဖျက်ပေးလိုက်ပါတယ်။

အလစ္စတာဟာ အန်ဖီးလ်မှာကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ ပွဲချိန် ၅၈ မိနစ်ကတည်းက  အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး လီဗာပူးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

အဲဒီအနီကတ်ပြစ်ဒဏ်ဟာ မျှတမှုမရှိဘူးလို့ ယူဆတာကြောင့် လီဗာပူးဘက်က အယူခံတင်သွင်းခဲ့တာဖြစ်ပြီး လွတ်လပ်တဲ့ စည်းကမ်းထိန်းကော်မရှင်က စစ်ဆေးပြီးနောက် ပြန်လည်ပယ်ဖျက်ပေးခဲ့တာပါ။

လွတ်လပ်တဲ့ စည်းကမ်းထိန်းကော်မရှင်ဟာ အလစ္စတာရဲ့ သုံးပွဲပယ်ပြစ်ဒဏ်ကိုလည်း ပယ်ဖျက်ပေးလိုက်ကြောင်း အင်္ဂလန်အက်ဖ်အေဘက်ကလည်း အတည်ပြုထုတ်ပြန်ပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်ဟာ ဘုန်းမောက်နဲ့ ပွဲပြီးကတည်းက အဲဒီအနီကတ်ပြစ်ဒဏ်ဟာ မှားယွင်းမှုရှိပြီး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ပွဲပယ်ကင်းလွတ်ခဲ့တဲ့ မက်အလစ္စတာဟာ နယူးကာဆယ်နဲ့ပွဲမှာ ပြန်လည်ကစားနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013