DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် တည်းခိုခန်း ၄ လွှာမှ အမျိုးသား ၁ ဦး ခုန်ချသေဆုံး
DVB
·
August 22, 2023
မန္တလေးတွင် တည်းခိုခန်း ၄ လွှာမှ အမျိုးသား ၁ ဦး ခုန်ချသေဆုံး
1 / 3
Donate to DVB

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံ (အရှေ့) ရပ်ကွက်၊ ၂၉ လမ်းနဲ့ လမ်း ၈၀ ထောင့်၊ အမှတ် ၄၇၂ မှာရှိတဲ့ မန်းဧရာဝတီ တည်းခိုခန်း လေးလွှာကနေ ဩဂုတ် ၂၁ ရက် ညပိုင်းက အမျိုးသား တယောက် ခုန်ချသေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဆိုပါ ၆ ထပ်အမြင့်ရှိ တည်းခိုခန်းမှာ သေဆုံးသွားသူဟာ တည်းခိုခန်းပိုင်ရှင်ရဲ့ သားဖြစ်သူ အသက် ၃၃ နှစ်အရွယ် ကိုရဲမြင့်လို့ သိရပြီး ည ၈ နာရီလောက်က တည်းခိုခန်း ၄ လွှာအမြင့်ကနေ မြေပြင်ပေါ်ကို မှောက်ရက်ကျကာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မြို့ခံကယ်ဆယ်ရေးအသင်း ဝာာဝန်ရှိသူတဦးက “ပတ်ဝန်းကျင်က ပြောတာတော့ တိုက် ၄ ထပ်ပေါ်ကနေ ခုန်ချတာ။ အသက်က ၃၃ နှစ်၊ ခြေထောက် နှစ်ဖက်နဲ့ ဗိုက်ထိခိုက်မိပြီး သေဆုံးသွားပါတယ်။ မန္တလေးဆေးရုံကြီးကို ပို့ပေးထားပါတယ်” လို့ ပြောပါတယ်။

သက်ဆိုင်ရာနဲ့ ကယ်ဆယ်ရေးအသင်းတွေ ရောက်ရှိစစ်ဆေးချိန်မှာတော့ ခြေထောက် ၂ ချောင်းကျိုး၊ ဗိုက်ပွင့် အူထွက်ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးနေပြီလို့ သိရပါတယ်။

အနီးအနားနေသူတွေရဲ့ ပြောပြချက်အရ သေဆုံးသူဟာ Magic Mushroom မှော်မှိုလို့ခေါ်တဲ့ အဆိပ်ရှိ ထင်ယောင်ထင်မှားဖြစ်စေတဲ့ မှိုတမျိုးကို ဝယ်သုံးစွဲနေခဲ့တာဖြစ်ပြီး အဆိုပါမှိုကြောင့် စိတ်ပုံရိပ်အမှားမြင်ကာ အခုလို ခုန်ချသေဆုံးသွားတာလို့ ဆိုပါတယ်။

ရုပ်အလောင်းကို ပရဟိတဓာရီအသင်းကားနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲဌာနကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပြီး သေဆုံးမှုအတွက် ချမ်းအေးသာစံရဲတပ်ဖွဲ့က စုံစမ်း‌စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013