
အတူနေချစ်သူရဲ့ အမှုစွဲဆိုမှုမှာ စွပ်စွဲခံရတဲ့ကိစ္စတွေကိုမကျူးလွန်ခဲ့ပေမဲ့ အမှားလုပ်ခဲ့မိကြောင်း မန်ယူနဲ့ အင်္ဂလန်ကစားသမား မေဆန်ဂရင်းဝုဒ်က ဝန်ခံစကားဆိုခဲ့ပါတယ်။
မန်ယူအသင်းဘက်က ဂရင်းဝုဒ်ရဲ့ စာချုပ်ကို ဖျက်သိမ်းပြီး တခြားအသင်းတစ်သင်းဆီ ပြောင်းရွှေ့ခွင့်ပြုမယ်လို့ တရားဝင်သတင်း ထုတ်ပြန်ခဲ့ပြီးနောက် ဂရင်းဝုဒ်ဘက်က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလာခဲ့တာပါ။
ဂရင်းဝုဒ်ဟာ အဓမ္မကျင့်ရန်ကြိုးပမ်းမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ အပြင်းအထန်နာကျင်စေမှုတွေနဲ့ အမှုစွဲဆိုခံခဲ့ရတာပါ။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလက အဲဒီအမှုတွေကို ကျေအေးပေးခဲ့တာကြောင့် အမှုကနေ ပြန်လည် လွတ်မြောက်လာခဲ့ပေမဲ့ မန်ယူအသင်းက စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တာပါ။
ဘယ်လို ဆက်ဆံရေးတွေမှာမဆို အကြမ်းဖက်မှုတွေနဲ့ အနိုင်ကျင့်စော်ကားမှုတွေဟာ မှားယွင်းကြောင်း၊ စွပ်စွဲခံရသလို မဟုတ်ခဲ့ပေမဲ့ အမှားလုပ်ခဲ့မိတာကို ဝန်ခံကြောင်း၊ အဲဒီအတွက် တာဝန်ရယူသွားမှာဖြစ်ကြောင်း ဂရင်းဝုဒ်က ဆိုရှယ်မီဒီယာကနေ ရေးသားခဲ့ပါတယ်။
လူတွေရဲ့ အကောင်းမမြင်နိုင်မှုတွေနဲ့ အသင်းရဲ့ဆုံးဖြတ်ချက်တွေအပေါ် နားလည်လက်ခံကြောင်းလည်း ဂရင်းဝုဒ်က ပြောသွားပါတယ်။










