
ဆော်ဒီလိဂ်ရဲ့ လုပ်ခအများဆုံးကစားသမားစာရင်းမှာ စီရော်နယ်ဒိုက နံပါတ်တစ်နေရာကနေ ဦးဆောင် ပါဝင်နေပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းမှာတစ်နှစ်လုပ်ခပေါင် ၁၇၅ သန်း ရရှိနေပြီး လုပ်ခအများဆုံးရရှိတဲ့ ကစားသမားအဖြစ်စံချိန်တင်ထားတာပါ။
အဲဒီနောက်မှာ နေမာက တစ်နှစ်လုပ်ခပေါင် သန်း ၁၃၀ နဲ့ ဒုတိယ လုပ်ခအများဆုံးကစားသမား ဖြစ်ပါတယ်။
တတိယနေရာမှာ တစ်နှစ်လုပ်ခပေါင် ၈၆ သန်းရရှိနေတဲ့ အယ်လ်အစ်တီဟတ်တိုက်စစ်မှူး ဘင်ဇီမာကရပ်တည်နေပါတယ်။
တစ်နှစ်လုပ်ခပေါင် ၈၆ သန်းရရှိနေတဲ့ ကန်တေ၊ တစ်နှစ်လုပ်ခပေါင ၄၃ သန်းရရှိတဲ့ မာရက်ဇ်၊ တစ်နှစ်လုပ်ခပေါင် ၃၆ ဒသမ ၄ သန်းရရှိတဲ့ ဟန်ဒါဆန်တို့ပြီးနောက် ဖာဘင်ညို၊ မာနေး၊ ကူလီဘာလေနဲ့ ဘရိုဇိုဗစ်တို့က လုပ်ခအများဆုံးကစားသမား ၁၀ ဦးစာရင်းမှာပါဝင်ခဲ့ပါတယ်။
ဆော်ဒီကလပ်တွေဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ ကစားသမားခေါ်ယူမူတွေအတွက် ပေါင် ၅၂၄ သန်းအထိ အသုံးပြုခဲ့ကြပါတယ်။