
ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ကိုင်ဆယ်ဒိုအတွက် အိပ်မက်ဆိုးဖြစ်ခဲ့ ကြောင်း ကစားသမားဟောင်း ကာရေဂါက ဝေဖန်သွားပါတယ်။
ကိုင်ဆယ်ဒိုဟာ ဗြိတိသျှစံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၁၅ သန်းနဲ့ ဘရိုက်တန်ကနေ ချဲလ်ဆီးဆီပြောင်းရွှေ့လာခဲ့သူပါ။
ဝက်စ်ဟမ်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ပွဲစဉ်မှာ ကိုင်ဆယ်ဒိုဟာ ၆၁ မိနစ်မှာလူစားဝင်ကစားခဲ့ပြီး ပွဲပြီးခါ နီးမှာ ပင်နယ်တီပြစ်ဒဏ်ဘောကျူးလွန်ခဲ့တာပါ။
ဝက်စ်ဟမ်းနဲ့ပွဲစဉ်ဟာ ကိုင်ဆယ်ဒိုအတွက် ချဲလ်ဆီးကစားသမားဘဝပထမဆုံးပွဲစဉ်ဖြစ်ခဲ့ပြီး အိပ်မက်ဆိုးတစ်ခုလို ဖြစ်ခဲ့ရကြောင်း ကာရေဂါကပြောပါတယ်။
ဝက်စ်ဟမ်းဘက်က ပွဲချိန် ၆၇ မိနစ်မှာ နောက်ခံလူ အေဂတ်ဒ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါ သေးတယ်။
ချဲလ်ဆီးအသင်းက မိနစ်၂၀ ကျော် တစ်ယောက်အသာနဲ့ ကစားခဲ့ရပေမဲ့ ပြီးခါနီးမှာ ပင်နယ်တီ ပေးခဲ့ရ လို့ ၃ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။










