DVB Logo
Home
အားကစား
စပိန်အမျိုးသမီးအသင်း အင်္ဂလန်ကိုနိုင်ပြီး  ကမ္ဘာ့ဖလား ပထမဆုံးအကြိမ်ရ 
DVB
·
August 21, 2023
စပိန်အမျိုးသမီးအသင်း အင်္ဂလန်ကိုနိုင်ပြီး  ကမ္ဘာ့ဖလား ပထမဆုံးအကြိမ်ရ 
1 / 2
Donate to DVB

တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်အသင်းက အင်္ဂလန်ကို (၁-၀) ဂိုးနဲ့ အနိုင်ရပြီးနောက် အမျိုးသမီးကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာ စပိန်အသင်းခေါင်းဆောင် အိုလ်ဂါကာမိုနာက ဧရိယာ ဘယ်ဘက်နားကနေ အပြင်းကန်သွင်းပြီး အဖွင့်ဂိုး ရယူနိုင်ခဲ့တာပါ။

ဒီပွဲမှာ စပိန်အသင်းက ကောင်တာတိုက်စစ်ကို ပိုင်ပိုင်နိုင်နိုင် ကစားနိုင်ခဲ့သလို အင်္ဂလန်အသင်းဘက်ကိုလည်း ဖိအားပေးကစားနိုင်ခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ မှာ အင်္ဂလန်ကွင်းလယ်လူ ကီရာဝါလ်ရှ်ရဲ့ လက်ထိပြစ်ဒဏ်ဘောအဖြစ်ရတဲ့ ပင်နယ်တီကို စပိန်တိုက်စစ်မှူး ဂျနီဖာ ဟာမိုဆိုက ဂိုးသမား ဘယ်ဘက်ခြမ်းကို ကန်သွင်းယူခဲ့ပေမယ့် အင်္ဂလန်ဂိုးသမား ဒိုင်ဗင်ထိုးပြီး အမိအရ ဖမ်းနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် အင်္ဂလန်နည်းပြ ဆာရီနာဝီဂမန်က လော်ရန်ဂျိမ်းကို လူစားဝင် ကစားစေခဲ့ပြီး အပြောင်းအလဲများစွာ လုပ်ခဲ့ပေမယ့် စပိန်အသင်းဘက်ကို ချေပဂိုး မသွင်းနိုင်ခဲ့ပါဘူး။ စပိန်အမျိုးသမီးအသင်းအတွက်တော့  ဒီ ကမ္ဘာ့ဖလားက ပထမဆုံးရရှိတဲ့ အဓိက ဆုဖလားတစ်ခုလည်း ဖြစ်ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013