DVB Logo
Home
နိုင်ငံတကာ
နိုင်ဂျာနိုင်ငံ ဒီမိုကရေစီ ပြန်ရရန် သံတမန်နည်းအတိုင်း မအောင်မြင်ပါက စစ်ရေးအရ စွက်ဖက်မည်
DVB
·
August 19, 2023
နိုင်ဂျာနိုင်ငံ ဒီမိုကရေစီ ပြန်ရရန် သံတမန်နည်းအတိုင်း မအောင်မြင်ပါက စစ်ရေးအရ စွက်ဖက်မည်
Donate to DVB

နိုင်ဂျာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိဖို့အတွက် သံတမန်ရေးနည်းလမ်းအတိုင်း မအောင်မြင်ဘူး ဆိုရင် ဒေသဆိုင်ရာအစုအဖွဲ့အနေနဲ့ စစ်ရေးအရ ကြားဝင်စွက်ဖက်ဖို့ အသင့်ဖြစ်နေပြီလို့ အကြီးတန်း တာဝန်ရှိသူ တဦးက သြဂုတ် ၁၈ ရက်မှာ ပြောကြားပါတယ်။ 

အနောက်အာဖရိကဒေသရဲ့  အဓိကအစုအဖွဲ့ဖြစ်တဲ့ ECOWAS ဟာ စစ်ရေးနည်းလမ်း အတိုင်း ဝင်ရောက်စွက်ဖက်မယ့် D-Day အပေါ်မှာ သဘောတူညီမှု ရရှိခဲ့ပေမယ့် "ဘယ်အချိန်လဲ" ဆိုတာ ကိုတော့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပါဘူး။ 

ဂါနာမြို့တော် အာကရာ(Accra) မှာ ၂ ရက်တာပြုလုပ်ခဲ့တဲ့ အနောက်အာဖရိကဒေသတွင်း စစ်တပ် အကြီးအကဲတွေရဲ့ အစည်းအဝေးအပြီးမှာ အခုလို တရားဝင်မှတ်ချက်ပေးမှု ထွက်ပေါ်လာခဲ့တာပါ။

နိုင်ဂျာနိုင်ငံအပေါ် အင်အားသုံးနိုင်ခြေ ရှိနေတာကြောင့် မဟာဗျူဟာနဲ့ ထောက်ပံ့ပို့ဆောင်ရေး နည်းလမ်းတွေအတွက် အစည်းအဝေးမှာ အသေအချာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါဟာ နောက်ဆုံးသော နည်းလမ်းတစ်ခု ဖြစ်တယ်လို့လည်း ECOWAS အဖွဲ့က မှတ်ချက်ပေးပါ တယ်။ 

လွန်ခဲ့တဲ့ ဇူလိုင် ၂၆ ရက်မှာ နိုင်ဂျာသမ္မတ မိုဟာမတ် ဘဇွန်း(မ်)ကို စစ်ဘက်အရာရှိတွေက ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။ 

ECOWAS နဲ့ ကုလသမဂ္ဂအဖွဲ့တို့အပါအဝင် အခြားနိုင်ငံတွေကပါ အာဏာပြန်လည် အပ်နှင်းဖို့ တောင်းဆိုထားပေမယ့် အာဏာသိမ်းစစ်အုပ်စုဘက်က အာခံဖီဆန်နေခဲ့တာပါ။ 

ဒါကြောင့် ဒေသဆိုင်ရာအစုအဖွဲ့ဟာ စစ်တပ်တစ်ခုအဖြစ် အသင့်အနေအထားမှာ ရှိနေကြဖို့အတွက် အမိန့်ပေးခဲ့ပါတယ်။ 

၁၅ နိုင်ငံအထိပါဝင်တဲ့ ဒီအစုအဖွဲ့ထဲက အဖွဲ့ဝင်အများစုဟာ ပူးပေါင်းတပ်ဖွဲ့မှာ ပါဝင်ဖြည့်ဆည်း ပေးနိုင်ဖို့ကို ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း စစ်အုပ်ချုပ်ရေးအောက်ရှိ မာလီ၊ ဘာကီနာ ဖာဆို၊ ဂီနီ နဲ့ သေးငယ်တဲ့ ကိပ်ဗာ့တ် နိုင်ငံတွေကတော့ ပူးပေါင်းပါဝင်မှု မရှိဘူးလို့ ECOWAS ရဲ့ တာဝန်ရှိသူအရ သိရပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013