DVB Logo
Home
နိုင်ငံတကာ
ပြင်သစ်တပ်ဖွဲ့များ  နိုင်ဂျာနိုင်ငံမှ  စွန့်ခွာနေမှု တဝက်ခန့်ပြီးစီး 
DVB
·
October 22, 2023
ပြင်သစ်တပ်ဖွဲ့များ  နိုင်ဂျာနိုင်ငံမှ  စွန့်ခွာနေမှု တဝက်ခန့်ပြီးစီး 
Donate to DVB

ပြင်သစ်တပ်ဖွဲ့တွေ နိုင်ဂျာနိုင်ငံကနေ စွန့်ခွာနေတာ တဝက်နီးပါးပြီးစီးနေပြီ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး မာမာနေး ဆာနီ ကိုင်ယူက အောက်တိုဘာလ ၂၀ ရက်မှာ  ပြောပါတယ်။

လာမယ့် ရက်ပိုင်းအတွင်း ပြင်သစ်စစ်ယာဉ်တန်းတခုက နိုင်ဂျာနိုင်ငံမှ ချဒ်နိုင်ငံကို ထွက်ခွာဖို့အတွက် စီစဉ်ထားတယ်လို့ လည်း ဆိုပါတယ်။

အနောက်အာဖရိကနိုင်ငံမှာ အခြေစိုက်ထားတဲ့ ပြင်သစ်တပ်ဖွဲ့ဝင်ပေါင်း အယောက် ၁၄၅၀ကို ကတိပြုထားတဲ့အတိုင်း တပ်ရုပ်သိမ်းမှုက ခရီးတဝက်ရောက်နေပြီ ဖြစ်ပါတယ်။ 

နိုင်ဂျာစစ်အစိုးရတောင်းဆိုခဲ့တဲ့ အတိုင်း နိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့ အခြေစိုက်စခန်းတွေကို ပြင်သစ်စစ်ယာဉ်တန်းတွေက စတင်စွန့်ခွာနေကြပြီ ဖြစ်ပါတယ်။ 

အခုလို ထွက်ခွာရမှုကြောင့် အနောက်အာဖရိကရှိ ပဋိပက္ခဖြစ်ပွားရာ ဆာဟယ်ဒေသမှာ ပြင်သစ် နိုင်ငံရဲ့  သြဇာလွှမ်းမိုးနိုင်မှုအပေါ် နောက်ထပ်ထိုးနှက်ချက် ဖြစ်စေတယ်လို့ သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက နိုင်ဂျာနိုင်ငံမှာ အာဏာသိမ်းခဲ့တဲ့ စစ်ဘက်အရာရှိတွေဟာ ရက်သတ္တပတ် များစွာကြာအောင် ဖိအားပေးခဲ့ပြီးနောက် ပြင်သစ်နိုင်ငံအနေနဲ့ သူတို့ရဲ့ တပ်ဖွဲ့တွေကို ဒီနှစ်ကုန်ပိုင်းမှာ ရုပ်သိမ်းပေးဖို့အတွက် သဘောတူညီခဲ့ပါတယ်။

ဒါ့အပြင် နိုင်ဂျာနိုင်ငံမှာ ပေါ်ပေါက်လာခဲ့တဲ့ ပြင်သစ်ဆန့်ကျင်ရေး ရပ်တည်ချက်လှိုင်းတွေက နှစ်နိုင်ငံအကြား  စစ်ဘက်  ဆိုင်ရာ ဆက်ဆံရေးကိုပါ အလုံးစုံပျက်ပြားစေခဲ့ကြောင်း သိရပါတယ်။

ပြင်သစ်ဗိုလ်ချုပ်ကြီး အဲရစ်အိုးဇန်းကတော့ ချဒ်နိုင်ငံမှတဆင့် ကုန်းကြောင်းလမ်းနဲ့ ဆုတ်ခွာနေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဆက်လက်ကျန်ရှိနေမှာ မဟုတ်ဘူးဆိုပြီး မှတ်ချက်ပေးပါတယ်။ 

လာမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ဂျာနိုင်ငံမှ ပြင်သစ် တပ်ဖွဲ့တွေရဲ့  ရုပ်သိမ်းမှုကို အပြီးသတ်နိုင်ဖို့က ပန်းတိုင်ဖြစ်တယ်လို့ ဖြည့်စွက်ပြောပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013