DVB Logo
Home
မြန်မာသတင်း
မောင်တောနယ်စပ် ကညင်ချောင်းစီးပွားရေးဇုန် ဝယ်သူစျေးကွက်မဖော်ဆောင်နိုင်သေး
DVB
·
August 19, 2023
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ် ကညင်ချောင်းစီးပွါးရေးဇုန်ကို ဝယ်သူစျေးကွက် ဖော်ဆောင်နိုင်ဖို့ရည်ရွယ်ပြီး အစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေက ကျပ်ငွေ  ၇ ဘီယံလောက် အကုန်အကျခံတည် ဆောက်ထားခဲ့ပေမဲ့ ယနေ့အထိ အကောင်အထည် မဖော်နိုင်သေးဘူးလို့ မောင်တောမြို့ခံ ကုန်သည်ကြီးတွေထံက သိရပါတယ်။

ကညင်ချောင်း စီးပွားရေးဇုန်ကို ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်က စတင်ကာ ပြည်နယ်အစိုးရအဖွဲ့နဲ့ ကညင်ချောင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီတို့ ပူးပေါင်းပြီး အစိုးရက ငွေကျပ်သိန်းပေါင်း ၂၅၀၀၀၊ ပုဂ္ဂလိက က ငွေကျပ် သိန်းပေါင်း ၁၃၄၀၀ စုစုပေါင်းငွေကျပ်သိန်းပေါင်း ၃၈၄၀၀  နဲ့ မြေဧက ၅၀ လောက်မှာ  ကုန်သွယ်ရေးဇုန်အဖြစ် စတင်အကောင်အထည်ဖော်ခဲ့ကြတာပါ။

မောင်တောမြို့က ကုန်ကြီးတစ်ဦးက "ဒီကညင်ချောင်းစီးပွါးရေးဇုန်က ဝယ်သူစျေးကွက်ဖော်ဆောင်ဖို့ ဆိုပြီး အပြောရှိတာ၊ လက်တွေ့မှာ ယနေ့အထိ ဘာမှ မဖော်ဆောင်နိုင်သေးဘူး။ ၂၀၁၅ ကတည်းက စပြီးအကောင်အထည်ဖော်နေတာ။ အခု ဆို ၉ နှစ် ရှိနေပြီ အပြောကတော့ ဝယ်သူစျေးကွက် တည်ဆောက်မယ်ပေါ့။ ကုန်စည်ပြခန်းတွေပါမယ်။ အအေးခန်းတွေပါမယ်။ ရခိုင်ဒေသကထွက်တဲ့ ကန်စွန်းရွက်နဲ့ ချဥ်ပေါင်ကိုတောင် ဘင်္ဂလားဒေ့ရှ်ကို တင်ပို့နိုင်ရမယ်။ ဒေသခံပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိစေမယ်။  ဒီမောင်တောဒေသက ပဋိပက္ခတွေ ဖြစ်နေကြရတာ။ စတဲ့ စကားလုံး အလှတွေသုံးပြီး အန်အယ်လ်ဒီအစိုးကို မက်လုံးပေး စီးပွါးရေးဝန်ကြီးတွေနဲ့ပေါင်းပြီး နှစ်ပေါက် တပေါက်လုပ်စားသွားကြတာ။ ငွေကျပ်  ၆ ဘီလီယံကျော် အခုကွန်ကရစ်လမ်းလုပ်တာနဲ့ဆို ၇ ဘီယံနီးပါးသာ ကုန်သွားတယ်။ ယနေ့အထိ ဝယ်သူစျေးကွက် မ​ဖော်ဆောင်နိုင်ကြသေးဘူး” လို့ ပြောပါတယ်။

ကညင်ချောင်းစီးပွါးရေးဇုန်ဟာ မောင်တောမြို့နဲ့ ၄ မိုင်လောက်အကွာမှာရှိတဲ့  ကညင်ချောင်း ကျေးရွာချောင်းမှာ  ဒီရေအတက်အကျအခက်အခဲမရှိဘဲ ၂၄ နာရီ ကုန်သွယ်မှု ပြုလုပ်နိုင်တဲ့အတွက်  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှု မြင့်မားလာစေရန်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝယ်သူစျေးကွက်ဖော်ဆောင်နိုင်ဖို့ အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှစတင်ပြီး  ၄ ဘီလီယံကျော် အကုန်ကျခံတည်ဆောက်ခဲ့ကြတာပါ။

ဒါ့အပြင် ဇုန်လမ်းတွေမှာ မိုးရာသီအသုံးပြုလို့မရနိုင်လို့ စစ်ကောင်စီက  ကျပ် ၂ ဘီလီယံလောက်  ထပ်မံ ကုန်ကျခံတည်ဆောက်ပေးခဲ့ပေမဲ့ လမ်းတွေသွားလာရ အဆင်မပြေတာကြောင့်  ၂၀၂၂-၂၃ ရခိုင်ပြည်နယ် ဘဏ္ဍာငွေတွေ အမြောက်အမြားသုံးပြီး ကွန်ကရစ်လမ်းပြုပြင်ပေးခဲ့ပေမဲ့  ဇုန်ပတ်လမ်းတွေတော့ ပါဝင်ခြင်းမရှိပါဘူး။

မောင်တော်နယ်စပ်ကုန်သည်တဦးက "နယ်စပ်ကုန်သွယ်ရေးဆိုတဲ့ နာမည်ပေးထားကတည်းက နယ်စပ်မြို့ကနေ ကုန်သွယ်မှုကို အများဆုံးဦးစားပေးပြုလုပ်ရမှာ။ မောင်တောမှာ ၇ ဘီလီယံလောက် အကုန်ကျခံပြီး ဝယ်သူစျေးကွက်ဖော်ဆောင်ဖို့  ကညင်ချောင်းစီးပွါးရေးဇုန် တည်ဆောက်ထားတာလေ။ ဘင်္ဂလားကို မောင်တောနယ်စပ်စီးပွါးရေးဇုန်ကနေပဲ ဘင်္ဂလား ကုန်သည်တွေ လာဝယ်နိုင်အောင် အစိုးရအနေနဲ့ ကြိုးစားပေးရမှာ။ အခုက စစ်တွေမြို့လိုတမျိုး၊ တောင်ကုတ်ကလိုတမျိုး၊ ရန်ကုန်က တိုက်ရိုက်ကုန်ဆတွေ တင်ပို့နေကြတာတွေရှိနေတာ။ စီးပွါးရေးဇုန်ဆိုပြီး ဘီလီယံအမြောက်အမြား တည်ဆောက်ထားတဲ့ ကညင်ချောင်းစီးပွါးရေးဇုန်က ဘာမှအလုပ်မဖြစ်သေးဘူး။ မောင်တောဒေသခံတွေလည်း ယနေ့အထိ ဘာအကျိုးမှ မခံစားရသေးဘူး”  လို့တယ်ပြောပါတယ်။

အာဏာသိမ်းပြီးနောက် လက်ရှိ စစ်ကောင်စီလက်ထက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်မူပြုရာမှာ နယ်စပ်မြို့တွေမဟုတ်တဲ့ စစ်တွေ၊ တောင်ကုတ်စတဲ့ မြို့တွေကနေ ခရိုနီကြီးတွေရဲ့ အလိုကျ ဘင်္ဂလားဒေ့ရှ်သို့ တိုက်ရိုက်ကုန်တင်ပို့မှုတွေလည်း ရှိနေတယ်လို့ မောင်တောဒေသခံ ကုန်သည်တွေက ပြောပါတယ်။

စစ်တွေ၊ တောင်ကုတ် ၊ရန်ကုန် စတဲ့မြို့တွေရှိ  ရခိုင်ခရိုနီ သူဌေးကြီးတွေဟာ စစ်ကောင်စီအရာရှိတွေ၊ ရခိုင်ဝန်ကြီးတွေနဲ့ ပူးပေါင်းပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ကုန်သွယ်မှု ပြုနေကြတာလည်း ဖြစ်ပေမဲ့ နယ်စပ်ကုန်သွယ်မှုဟာ တိုးတက်မလာဘဲ ဆုတ်ယုတ်ကျဆင်းနေတာ ဖြစ်ပါတယ်။

အခုလအတွင်းမှာလည်း ဘင်္ဂလားဒေ့ရှ် ဆိုနာလီဘဏ်က စစ်ကောင်စီလက်အောက်ခံ မြန်မာဘဏ်၂ ခုဖြစ်တဲ့  မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ရဲ့ ဘဏ်အကောင့်တွေကို ပိတ်ထားလိုက်လို့ မြန်မာကုန်သည်တွေ အခက်အခဲနဲ့ ရင်နေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013