DVB Logo
Home
မြန်မာသတင်း
ကညင်ချောင်းစီးပွားရေးဇုန်လမ်းများ ပြုပြင်ပေးရန် ကုန်သည်များ တောင်းဆို
DVB
·
December 17, 2021
ကညင်ချောင်းစီးပွားရေးဇုန်လမ်းများ ပြုပြင်ပေးရန် ကုန်သည်များ တောင်းဆို
Donate to DVB

မြန်မာ-ဘင်္ဂလားနယ်စပ်ကုန်သွယ်ရေး မြန်ဆန်စေဖို့ ကညင်ချောင်းစီးပွားရေးဇုန်လမ်းတွေကို ပြုပြင်ကာ ပြန်ဖွင့်ပေးလိုက်ပေမယ့် ရေရှည်အသုံးပြုနိုင်ဖို့ ကြံ့ခိုင်ရေးကောင်းတဲ့လမ်းတွေ ဖြစ်အောင်ထိ ပြင်ဆင်ပေးဖို့ ကုန်သည်တွေက တောင်းဆိုလိုက်ပါတယ်။ 

ရခိုင်ပြည်နယ် မောင်တောနယ်စပ်ကုန်သွယ်မူ မြန်ဆန်စေဖို့ ဒီဇင်ဘာ ၁၄ ရက်နေ့ကနေစပြီး ကညင်ချောင်စီးပွားရေးဇုန်က ပြန်လည်ကုန်သွယ်မူ ပြုလုပ်နေပေမယ့် မိုးရာသီအထိ ဇုန်လမ်းများ ရေရှည်ကြံ့ခိုင်ဖို့ လိုအပ်နေတယ်လို့ ကုန်သည်တွေက ပြောဆိုထားပါတယ်။ 

မောင်တောဘုတ်ဆိပ် ဝင်/ထွက်စခန်း POE ကနေ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့ရာမှာ မော်တော်ဘုတ်တွေ လုံလောက်မူ မရှိတာ၊ ဒီရေအတက်အကျ စောင့်ဆိုင်းနေရတာတွေကြောင့် ပြည်မကနေ ကုန်စည်တွေ အဆက်မပြတ် အဝင်များလာချိန်မှာ ကုန်တွေ ပိတ်ဆို့ခဲ့ရတာကြောင့် ကုန်သွယ်မူမြန်ဆန်စေဖို့ ကညင်ချောင်းစီးပွားရေးဇုန်က ဒီဇင်ဘာ ၁၄ ရက်နေ့ကစပြီး ကုန်သွယ်ခွင့် ပြန်ခွင့်ပြုခဲ့တာပါ။

ကုန်သည် မာမတိဆော်လိမ်က "မောင်တောဘုတ်ဆိပ်က ကုန်သွယ်ရတာ ကုန်တွေ အဆက်မပြတ် ဝင်လာတာနဲ့ မော်တော်ဘုတ်တွေ လုံလောက်မှု မရှိတော့ ကုန်သွယ်ရတာ ကြန့်ကြာနေတယ်။ နောက်တစ်ခုပြောချင်တာက ကုမ္ပဏီတွေမှာ မော်တော်ဘုတ်တွေ လုံလောက်မူမရှိဘူး။ ဒါကြောင့် စီးပွားရေးသမားတွေ အခက်တွေ့ကြတာပါ။ မောင်တောကနေ ကုန်သွယ်ရတာက ကုန်ကျစရိတ် များပါတယ်။ တောင်ကုတ်နဲ့ စစ်တွေကဆို ကုန်ကျစရိတ် သက်သာပါတယ်။ ကညင်ချောင်း စီးပွားရေးဇုန် ဖွင့်လှစ်ပြီးလို့ရှိရင် စီးပွားရေးသမားတွေအတွက် ပိုပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။

မောင်တောနယ်စပ်ကုန်သွယ်မှုအား ကညင်ချောင်းစီးပွားရေးဇုန်မှ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့ ကစတင်ပြီး ကုန်သွယ်မှုစပြုလုပ်ခဲ့ကြရာ လမ်းများ ဆိုးရွားစွာပျက်စီးလာမူကြောင့် မောင်တောဘုတ်ဆိတ် အမှတ်(၁)ဝင်ထွက်စခန်း POE နေရာကို ပြန်လည်ကုန်သွယ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီရေအတက်အကျကို မူတည်ပြီး ကုန်သွယ်ရတဲ့အတွက် ကုန်အဝင်များလာတဲ့အခါ ကုန်တွေပိတ်ဆို့သွားတာကြောင့် ကညင်ချောင်းစီးပွားရေးဇုန်လမ်းကို ယာယီပြင်ဆင်ထားပြီး ကုန်သွယ်နေကြတာပါ။

မောင်တောနယ်စပ် ကုန်သည်တစ်ဦးက “မှန်ပါတယ်။ အခုလို ပွင့်လင်းရာသီကုန်သွယ်လို့ ရနေပေမယ့် မိုးရာသီမှာ ကုန်သွယ်လို့ရဖို့ လမ်းတွေကြံ့ခိုင်အောင်လုပ်ဖို့ လိုအပ်နေပါတယ်။" လို့  DVB ကို ပြောပါတယ်။

မောင်တောမြို့နဲ့ ၄ မိုင်လောက်အကွာမှာရှိတဲ့ ကညင်ချောင်းစီးပွားရေးဇုန်မှာ ဒီရေအတက်အကျ အခက်အခဲမရှိဘဲ ၂၄ နာရီ ကုန်သွယ်မှု ပြုလုပ်နိုင်တာကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုမြင့်မားလာစေရန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောင်းသူ စျေးကွက်ဖော်ဆောင်နိုင်ဖို့ တည်ဆောက်ထားတာလို့ သိရပါတယ်။ 

မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းဟာ အမေရိကန်ဒေါ်လာတစ်ခုတည်းနဲ့သာ ကုန်သွယ်ခွင့် ပြုထားတဲ့ နယ်စပ်ကုန်သွယ်စခန်းဖြစ်ပြီး တစ်နေကို ဒေါ်လာတစ်သန်းအထိ ကုန်သွယ်မှုပြုနိုင်တယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။ 

ကညင်ချောင်း စီးပွားရေးဇုန်အား ပြည်နယ်အစိုးရအဖွဲ့နဲ့ ကညင်ချောင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းကာ အစိုးရက ငွေကျပ်သိန်းပေါင်း ၂၅,၀၀၀ နဲ့ ပုဂ္ဂလိကဘက်က ငွေကျပ် သိန်းပေါင်း ၁၃,၄၀၀ စုစုပေါင်းငွေကျပ်သိန်းပေါင်း ၃၈,၄၀၀ နဲ့ မြေဧက ၅၀ လောက်မှာ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်ကစတင်ကာ ဝယ်သူစျေးကွက် ဖော်ဆောင်ဖို့ ကုန်သွယ်ရေးဇုန်အဖြစ် အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013