DVB Logo
Home
မြန်မာသတင်း
ကညင်ချောင်းစီးပွားရေးဇုန်လမ်းများကို ကျပ်သိန်း ၁၈,၂၀၀ အကုန်ခံ တည်ဆောက်မည်
DVB
·
June 8, 2022
ကညင်ချောင်းစီးပွားရေးဇုန်လမ်းများကို ကျပ်သိန်း ၁၈,၂၀၀ အကုန်ခံ တည်ဆောက်မည်
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နဲ့ ၄ မိုင်လောက်အကွာရှိ  ကညင်ချောင်းစီးပွားရေးဇုန်လမ်းတွေကို မိုးရာသီမှာ အသုံးပြုနိုင်ဖို့ စစ်ကောင်စီက ကျပ်သိန်း ၁၈,၂၀၀ ထပ်မံ အကုန်ကျခံ တည်ဆောက်သွားမယ်လို့ ဇုန်တည်ဆောက်ရေးလုပ်ငန်းကနေ သိရပါတယ်။

ဇုန်တည်ဆောက်ရေး တာဝန်ရှိသူတဦးက “အရင်ပြုလုပ်ထားတဲ့ ဇုန်လမ်းတွေက အမာခံမရှိဘူး။ မိုးရာသီမှာ သုံးလို့မရနိုင်ဘူး။ အဲဒါကြောင့် မိုးရာသီမှာ အဆင်ပြေစွာ အသုံးပြုနိုင်ဖို့ ဇုန်လမ်းတွေ အမာခံပြုလုပ်နိုင်အောင် ကျပ်သိန်း ၁၈,၂၀၀ ချပေးထားတယ်လို့ သိရတယ်။”လို့ ပြောပါတယ်။

လက်ရှိ ဇုန်လမ်းတွေ အမာခံပြုလုပ်နိုင်ဖို့ ပြည်ထောင်စုအဆင့် တင်ဒါခေါ်ယူနေပြီး ကုမ္ပဏီ ၃ ခု လျှောက်ထားကြောင်း ဆိုပါတယ်။

ကညင်ချောင်းစီးပွားရေးဇုန်ဟာ မောင်တောမြို့နဲ့ ၄ မိုင်ခန့်အကွာမှာရှိပြီး ဒီရေအတက်အကျ အခက်အခဲမရှိဘဲ ၂၄ နာရီ ကုန်သွယ်မှုပြုလုပ်နိုင်တဲ့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု မြင့်မားလာစေဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ရောင်းသူစျေးကွက် ဖော်ဆောင်နိုင်ဖို့ ကျပ် ၄ ဘီလီယံခန့် အကုန်ကျခံပြီး  ၂၀၁၅ ခုနှစ်က တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ကုန်ကြီးတဦးက “ကျပ် ၄ ဘီလီယံသာ ကုန်သွားတယ်။ လမ်းတွေလည်း မကောင်းဘူး။ ကုန်သိုလှောင်ရုံတခုပဲ တွေ့ရတယ်။ ဇုန်တည်ဆောက်တုန်းကတော့ အအေးခန်းတွေပါမယ်လို့ ပြောထားတာ။ အခု ပွင့်လင်းရာသီမှာ လမ်းမလုပ်လိုက်ရင် မိုးရာသီမှာ ဘယ်လိုမှ ကုန်သွယ်လို့ အဆင်မပြေနိုင်ဘူး။ အဆင်ပြေတဲ့ စစ်တွေနဲ့ တောင်ကုတ်က‌နေ ကုန်သွယ်သွားကြမှာ။ မောင်တောနယ်စပ်ကုန်သွယ်မှု ကျဆင်းသွားမှာပါ” လို့ ဆိုပါတယ်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းဟာ အမေရိကန်ဒေါ်လာ တခုတည်းနဲ့ ကုန်သွယ်ခွင့်ပြုထားတဲ့ နယ်စပ်ကုန်သွယ်စခန်းဖြစ်ပြီး တနေ့ကို ဒေါ်လာတသန်းအထိ ကုန်သွယ်မှုပြုနိုင်တဲ့ ကုန်သွယ်ရေးစခန်းတခုဖြစ်​ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ တရားဝင်ကိန်းဂဏန်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013