DVB Logo
Home
အားကစား
အာဆင်နယ်ကစားသမားဟောင်း ဝဲလ်ကော့ ကစားသမားဘဝမှ အနားယူ
DVB
·
August 18, 2023
အာဆင်နယ်ကစားသမားဟောင်း ဝဲလ်ကော့ ကစားသမားဘဝမှ အနားယူ
Donate to DVB

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမားဟောင်း သီအိုဝဲကော့လ်ဟာ ဘောလုံးသမားဘဝကနေ အနားယူခဲ့တယ်လို့ သြဂုတ် ၁၈ ရက် ဒီကနေ့မှာ တရားဝင် ကြေညာခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် ဝဲကော့လ်ဟာ ဆောက်သမ်တန်အသင်းနဲ့ ၂၀၂၃ နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ဖြစ်နေရာကနေ အခုလို အနားယူသွားတာပါ။

သီအိုဝဲကော့လ် အနားယူသွားတာနဲ့ပတ်သက်ပြီး အာဆင်နယ်အသင်းက “အနာဂတ် လုပ်ဆောင်ရမယ့် အခန်းကဏ္ဍတွေမှာ အောင်မြင်ပါစေ။ အမှတ်တရအားလုံးအတွက် ကျေးဇူးတင်ပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းကလည်း “ငါတို့ရဲ့ ကိုယ်ပိုင်အမှတ်အသားတခု အနားယူသွားပါပြီ။ အနားယူပြီးနောက်မှာ လုပ်ကိုင်တဲ့အရာအားလုံး အောင်မြင်ပါစေ” လို့ လူမှုကွန်ရက် စာမျက်နှာမှာ ထုတ်ပြန်ခဲ့ပါတယ်။

သီအိုဝဲကော့လ်ဟာ ၂၀၀၅ ခုနှစ် အသက် ၁၅ နှစ်မှာ ဆောက်သမ်တန်အသင်းနဲ့ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပြီး ဆောက်သမ်တန်ရဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ အာဆင်နယ်ကို ပြောင်း‌ေရွှ့ခဲ့ပြီး ၂၀၁၈ အထိ ပွဲပေါင်း ၃၈၂ ပွဲ ပါဝင်ကစားကာ ၁၀၆ ဂိုး သွင်းယူခဲ့ပြီး အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ကစားသမားတဦး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013