DVB Logo
Home
မြန်မာသတင်း
ဂွေးပင်ကုန်းနှင့် စမွန်းရွာကို စစ်တပ်က မီးရှို့၊ ပင်လယ်ဘူး ကိုယ်ဝန်ဆောင် ၁ ဦးနှင့် အရပ်သား ၃ ဦးကို သတ်ဖြတ်
DVB
·
August 18, 2023
ဂွေးပင်ကုန်းနှင့် စမွန်းရွာကို စစ်တပ်က မီးရှို့၊ ပင်လယ်ဘူး ကိုယ်ဝန်ဆောင် ၁ ဦးနှင့် အရပ်သား ၃ ဦးကို သတ်ဖြတ်
Donate to DVB

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်၊ စမွန်းရွာကို စစ်ကောင်စီက ဩဂုတ် ၁၇ ရက် ညနေ ၄ နာရီလောက်မှာ ရွာကိုမီးရှို့တာ‌ကြောင့် ဒေသခံပြည်သူကာကွယ်ရးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားတာလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ ဩဂုတ် ၁၅ ရက်က ပဒူကျေးရွာကနေ ခက်ခရွာကိုဝင် ရောက်တပ်စွဲပြီး ဩဂုတ် ၁၇ ရက်နေ့မှာ ခက်ခရွာကနေ စမွန်းရွာကို ဝင်ရောက်လာတာလို့ ဒေသခံ တွေက ပြောပါတယ်။

“ခက်ခရွာနဲ့ ကျနော်တို့ရွာနဲ့က နည်းနည်းဝေးတယ်ဆိုတော့ ရွာထဲကနေ ကျနော်တို့ရွာသားတွေ အပြင်ထွက်‌ပြေးဖို့ အချိန်လည်းရတယ်ဗျ။ နောက်ပြီး ကျနော်တို့ စစ်ရှောင်ရွာသားတွေကိုလည်း ပြည်သူကာကွယ်အဖွဲ့တွေက ကူညီကယ်ထုတ်ပေးတာတွေလည်း ပြုလုပ် ပေးတယ်ဗျ” လို့ စမွန်းရွာသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စမွန်းရွာအနီးရောက်တာနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရာက်ပြီး ရွာကိုပါ မီးရှို့တာကြာင့် ပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ရတာလို့ ရွှေဘိုခရိုင်တပ်ရင်း ၁၈ တာဝန်ရှိသူ ဗိုလ်စွန်ရဲက ပြောပါတယ်။

“တိုက်ပွဲက ၄ နာရီနောက်ပိုင်း ရွာကို မီးရှို့ပြီးမှ တိုက်ပွဲကစဖြစ်တာဗျ။ အရင်ကတော့ ကျနော်တို့အ နေနဲ့ ထိပ်တိုက်‌ေတွေ့အောင်ရှောင်နေသေးတယ်။ အခုဟာကျတော့ မဆိုင်တဲ့ ကျေးရွာတွေကို မီးရှို့လို့ ကျနော်တို့အဖွဲ့တွေက သွားရာက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာဗျ။ ဘယ်လောက်သေတယ်ဆိုတာတော့ အတိကျမသိရဘူး။ ပစ်တဲ့အလုံးအရေအတွက်ကလည်းများတယ်။ သူတို့ဘက်ကလည်း ပြန်ပစ်တာတွေတော့ရှိတယ်။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး။”

စမွန်းရွာကို စစ်ကောင်စီတပ်က မီးရှို့ပြီး ရွာထဲကနေ မထွက်ခွာသေးတာကြောင့် လက်ရှိအချိန်အထိ ဒေသခံရွာသားတွေ ကျေးရွာအတွင်းပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ ဘေးလွတ်ရာ ရှောင်‌‌တိမ်းနေကြရတကြောင့် အိမ်ခြေ ဘယ်နှလုံး ပျက်စီးဆုံးရှုံးခဲ့တယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ တိုက်ပွဲကို ရွှေဘိုခရိုင်တပ်ရင်း ၁၈၊ ဝက်လက်မြို့နယ် ဗိုလ်ကျားကြီး LPDF ပြည်သူကာကွယ်ရေးအဖွဲ့နဲ့ စစ်ကိုင်းမြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်က ဂွေပင်ကုန်းရွာကိုလည်း စစ်တပ်က မီးရှို့ခဲ့တာကြောင့် အိမ် ၃၀ ကျော် ဆုံးရှုံးခဲ့ပြီး အဲဒီရွာအပါအဝင် အနီးနားရွာက ဒေသခံ ၂၀၀၀ ကျော် စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

ဩဂုတ် ၁၅ ရက်မှာ ဒေသခံ PDF နဲ့ တိုက်ပွဲဖြစ်ပြီးနောက် အခုလို မီးရှို့ခဲ့တာဖြစ်ပြီး လတ်တလော ဂွေးပင်ကုန်း၊ ကံကြီးတော၊ ရွာသစ်ကုန်း၊ ငပိအိုးနဲ့  တောကလေးက ဒေသခံတွေ ထွက်ပြေးနေရတာပါ။ 

ဒေသခံတဦးက “ဂွေးပင်ကုန်းက အိမ်ခြေ ၃၀ နဲ့အထက် မီးတင်ခံရတယ်။ သူတို့က ဂွေးပင်ကုန်းကနေ မီးတင်ပြီး ဟံလင်းကိုလာတာ အဲဒီနားတလျှောက်က ရွာတွေ အကုန် စစ်ရှောင်ရတယ်။ စစ်ရှောင် တချို့တော့ ရွာထဲ ပြန်၀င်ကြပြီ။ တချို့ရွာတွေတော့ အတိကျမသိဘူး။ စားစရာ တချို့တော့ ပါကြတယ်။ ရေရှည်တော့ မရဘူး” လို့ ပြောပါတယ်။

ဝက်လက်မြို့ထဲက ဟံလင်းရွာကို တပ်ပြောင်းဖို့ လာတဲ့ စစ်တပ်နဲ့ ဒေသ PDF တွေ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပြီး နှစ်ဘက်သေဆုံး ဒဏ်ရာရတဲ့အခြေအနေကို‌တော့ အတည်မပြု နိုင်သေးပါဘူး။

စစ်ကောင်စီတပ်တွေဟာ လတ်တလော စစ်ကိုင်းတိုင်းက နေရာတော်တော်များများကို စစ်ကြောင်းထိုးနေပြီး အခုနှစ်ဇူလိုင်လအထိ စစ်ရှောင်ပေါင်း ၈ သိန်းလောက်ရှိတယ်လို့ ယူအန်အိုချာရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်ထဲက ရွှေရှာဖွေတူးဖော်နေတဲ့ ရွှေမျောတခုကို စစ်ကောင်စီတပ်က ဩဂုတ် ၁၄ ရက်နေ့ မွန်းလွဲပိုင်းအချိန် စီးနင်းဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက်နဲ့ အရပ်သား  အမျိုးသား ၃ ယောက်ကို ဖမ်းဆီးညှဉ်းဆဲ သတ်ဖြတ်သွားတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ် ။

"ပင်လယ်ဘူးမြို့နယ် ပုလဲစင်ရွာနားက ရွှေမျောတခုကို စစ်ကြောင်းဝင်ရောက်လာပြီး ကိုညီညီအောင်၊ ကိုထက်လှိုင်၊ ကိုရှမ်းလေးနဲ့ ကိုယ်ဝန်ဆောင်သည် မဝိုင်းဝိုင်းအပါအဝင် အရပ်သားတွေကို သတ်သွားတာ။ တချို့ကို မီးရှို့သွားတယ်" လို့ ပင်လယ်ဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

စီးနင်းဝင်‌ရောက်မီးရှို့ခဲ့တဲ့ စစ်ကြောင်းနဲ့ ပင်လယ်ဘူးမြို့နယ် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013