DVB Logo
Home
Lead Story
သြစတြေးလျ ဒီဇိုင်နာ လူငယ်လေးဟာ ဖက်ရှင်လောကရဲ့ နည်းပညာသစ်ကို ဘယ်လို ဖန်တီးနေလဲ
DVB
·
August 18, 2023
သြစတြေးလျ ဒီဇိုင်နာ လူငယ်လေးဟာ ဖက်ရှင်လောကရဲ့ နည်းပညာသစ်ကို ဘယ်လို ဖန်တီးနေလဲ
Donate to DVB

ဂျက်ဆင်ကောင်းဒင်န်ဟာ မကြာသေးခင်က ဖက်ရှင်ဒီဇိုင်းဘွဲ့ရထားတဲ့ စိတ်လှုပ်ရှားဖွယ်ရာ လူငယ်ဒီဇိုင်နာတဦး ဖြစ်ပါတယ်။ သူက ဖက်ရှင်နည်းပညာ၊ တီထွင်ဖန်တီးမှုနဲ့ ဒီဇိုင်းပိုင်းကို အလွန်အမင်းစိတ်ဝင်စားပါတယ်။ စိတ်အားထက်သန်တဲ့ မျက်လုံးနဲ့ စူးစမ်းလိုစိတ်က သူ့ကို စဉ်ဆက်မပြတ် စူးစမ်း၊ ရှာဖွေ‌တွေ့ရှိဖို့နဲ့ လေ့လာဖို့ ဦးတည်စေပါတယ်။

သူဟာ Clo3d မှာ ဒစ်ဂျစ်တယ် 3D ပုံစံနဲ့ အဝတ်အထည်တွေကို ဒီဇိုင်းဆွဲတာနဲ့ ပုံတူပွားတာတွေကို စွမ်းဆောင်ပေးခဲ့ပါတယ်။ Adobe Illustrator၊ Photoshop၊ Indesign နဲ့ Premiere Pro လို ပရိုဂရမ်တွေနဲ့ အလုပ်လုပ်ရင်း သူဟာ အင်ဂျင်နီယာဆိုင်ရာ  ဒီဇိုင်းထုတ်တာနဲ့  CAD တွေကို လုပ်နိုင်ခဲ့ပါတယ်။

ဂျက်ဆင်ဟာ ပုံစံထုတ်တာ၊ ပုံနှိပ်ဒီဇိုင်းအပြင်  ဆန်းသစ်တဲ့ အဝတ်အထည် ဒီဇိုင်းတွေဖန်တီးရာမှာ လည်း ကျွမ်းကျင်ပါတယ်။ ဒီကျွမ်းကျင်မှုတွေဟာ သူ့ကို New World အမှတ်တံဆိပ်အောက်မှာ ဝတ်စုံ ၂၄ စုံကို တိုက်ရိုက် ဒီဇိုင်းဆွဲနိုင်စေခဲ့ပါတယ်။

Streetwear အမှတ်တံဆိပ် Astelle ကို တည်ထောင်သူ၊ ဖန်တီးမှုဒါရိုက်တာနဲ့ ဒီဇိုင်နာအဖြစ် ဂျက်ဆင်ဟာ အမှတ်တံဆိပ် ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထုတ်လုပ်ရေးဆိုင်ရာ အတွေ့အကြုံတွေလည်း ရှိပါတယ်။ ဒါ့အပြင် e-commerce၊ ဖက်ရှင်စျေးကွက်ရှာဖွေရေးနဲ့ ဆိုရှယ်မီဒီယာ မားကက်တင်းတို့နဲ့လည်း လက်တွဲ ဆောင်ရွက်ခဲ့ပါတယ်။ Neuw Denim မှာ အလုပ်သင်လုပ်ရင်း ပိုကြီးတဲ့ အမှတ်တံဆိပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို တွေ့ကြုံ ခံစားနိုင်စေခဲ့ပါတယ်။

ဂျက်ဆင်ကောင်းဒင်န်ရဲ့ လေ့လာမှု‌တွေဟာ အရင်ကထက် ပိုမိုမြန်ဆန်စွာ ပြောင်းလဲနေတဲ့ ဖက်ရှင်လောကအတွက် ဒီဇိုင်းဆွဲဖို့ အဆင်သင့်ဖြစ်နေပါပြီ။

လွန်ခဲ့တဲ့ငါးနှစ်က ‘ဒစ်ဂျစ်တယ်ဖက်ရှင်အနုပညာရှင်’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလုပ်လုပ်တဲ့လူတွေကို  ရှာဖွေဖို့တွေ့ရှိဖို့ အခက်တွေ့နေမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီလို လုပ်တဲ့ အလေ့အထက  လွန်ခဲ့တဲ့ ၅ နှစ်က မပေါ်ပေါက်သေးလို့ပါ။

Billy Blue ဒီဇိုင်းကောလိပ်ကနေ ဘွဲ့ရခဲ့တဲ့ ဂျက်ဆင်ဟာ အဝတ်အစားတွေကို စိတ်ကူးကြည့်ဖို့ နည်းပညာကို အသုံးပြုပြီး ကိုယ်တိုင်မပြုလုပ်မီ ရုပ်ပိုင်းဆိုင်ရာ နေရာတွေမှာ ဘယ်လို တည်ရှိနေမလဲ ဆိုတာကို သိဖို့ virtual reality ကို အသုံးပြုထားပါတယ်။ ဒီဇိုင်နာတွေကို ကတ်ကြေးနဲ့ အပ်ချုပ်စက်က မထွက်ခင် တိကျတဲ့ ပုံသဏ္ဌာန်နဲ့ ဖန်တီးထားတဲ့ အဝတ်အစားတွေ ထုတ်လုပ်တဲ့ နည်းလမ်းသစ် ဖြစ်ပါတယ်။

“စိတ်ကူးကောင်းတခုက မျိုးဆက်တွေကို ကျော်လွှားနိုင်တဲ့ စွမ်းအားရှိပါတယ်” လို့ သူ့ရဲ့ ဖက်ရှင်နည်းပညာ စတူဒီယိုဖြစ်တဲ့ Nyvora ကတဆင့် ဒီဇိုင်းတွေ ဖန်တီးဖို့ ရည်ရွယ်ထားတဲ့  ဂျက်ဆင် က ပြောကြားခဲ့ပါတယ်။

“ကျနော့်ရဲ့ ဒီဇိုင်းဆန်းသစ်လှပမှုက ရိုးရှင်းပါတယ်။ အရင်မျိုးဆက်တွေရဲ့ စိတ်ကူးတွေကို နည်းပညာအသစ်တွေ၊ ဇာတ်လမ်းအသစ်တွေနဲ့ ပုံစံသစ်နဲ့ ပြန်လည်ပြုပြင်ထားပါ။”

ဂျက်ဆင်ဟာ Nyvora ကနေတဆင့် ရိုးရာအထည်ချုပ်လုပ်တဲ့ လုပ်ငန်းစဉ်ကို ပြန်လည်မွမ်းမံပြင်ဆင်လိုက်အပြင် သူမျှော်လင့်ထားတဲ့ နောက်ထပ် စိတ်ကူးတခုကတော့ ခေတ်ရေစီးကြောင်းရဲ့ အယူအဆ ဖြစ်ပါတယ်။

ဂျက်ဆင်ကောင်းဒင်န်က “ကျနော့်ရဲ့ ဘွဲ့အတန်းမှာတော့  လာမယ့်နှစ် ခေတ်စားလာနိုင်တဲ့ ဖက်ရှင်ကို  အခြေခံပြီး  ဒီဇိုင်းဖန်တီးဖို့ ကျနော်တို့ တာဝန်ပေးခံထားရတယ်”လို့ ပြောပါတယ်။ 

“ကျနော့်ရဲ့ ကထိက ရေဘက်ကာဂူလ်လီကို ရှင်းပြဖို့ အက်ဆေးတိုလေး ရေးခဲ့တယ်။ ဘာကြောင့် ကျနော်က ခေတ်ရေစီးကြောင်းအတိုင်း မလိုက်တာလဲ။ ဒါကို ရေဘက်ကာက တလေးတစားနဲ့ ကျနော့်ရဲ့ ယုံကြည်ရာအတွက် ရပ်တည်ခဲ့တာ ဝမ်းသာတယ်။ အဲဒီအခိုက်အတန့်ကစပြီး ကျနော့်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ကိုယ့်ကိုယ်ကိုယ် တကယ် ယုံကြည်မှု ရှိလာခဲ့တယ်။”

“ကထိကတွေက ကျနော့်ကို သိကြပြီး ခေတ်ရေစီးကြောင်းနဲ့ မလိုက်လျောချင်ဘူး ဆိုတာ သိပါတယ်။ ကန့်သတ်ချက်တွေကို ဘယ်လောက်အထိ တွန်းလှန်နိုင်မလဲဆိုတာ သိနိုင်ဖို့ အလုပ်အတိုချုံးတခုနဲ့ ဆန်းသစ်တီထွင်မှု တခုခုလုပ်ဖို့ ကျနော့်ကို အမြဲအားပေးနေမှာပါ”လို့ ဂျက်ဆင်က ဆိုပါတယ်။

Billy Blue ရဲ့ အမှတ်တံဆိပ် ဖက်ရှင်ဒီဇိုင်း ပရိုဂရမ် ဒါရိုက်တာ ရပ်စ်ဆဲလ်ပွန်တင်းဟာ ‘New World’ အမျိုးသမီးအဝည်အထည်အသစ်အဆန်း ဒီဇိုင်းတွေနဲ့  ပတ်သက်တဲ့ ဘွဲ့အတွက် သင်ယူနေစဉ်အတွင်း ပံ့ပိုးကူညီပေးခဲ့တဲ့ ဂျက်ဆင်ရဲ့  နည်းလမ်းကို  သဘောကျသူခဲ့သူ ဖြစ်ပါတယ်။

“ဂျက်ဆင်ရဲ့အလုပ်က ဖက်ရှင်ကို ကြည့်ရှုဖို့ နည်းလမ်းအသစ်တွေနဲ့ ဖက်ရှင်လုပ်ငန်း လည်ပတ်နိုင်တဲ့ နေရာအသစ်တွေကို ခွင့်ပြုပေးတယ်” လို့ ပွန်တင်းက ပြောပါတယ်။ 

ဂျက်ဆင်ဟာ ငယ်ရွယ်နုပျိုပြီး ထွန်းသစ်စ ဒီဇိုင်နာတယောက်အဖြစ် သူ့ကိုယ်သူ အနာဂတ် ဖက်ရှင်ခေါင်းဆောင်တယောက်အနေနဲ့ အလွန်ခိုင်မာတဲ့  နေရာတနေရာရဖို့ ကြိုးပမ်း နေပါတယ်။ သူ့ရဲ့ အလေ့အကျင့်ဖြစ်တဲ့ ဂိမ်း‌တွေ၊ ကာတွန်းရုပ်ပုံတွေ၊ ရုပ်ပုံဆိုင်ရာ အထူးပြုလုပ်ချက်တွေ၊ နစ်မြုပ်နေတဲ့မီဒီယာ၊ လှုပ်ရှားမှုဂရပ်ဖစ်နဲ့ 3D ရုပ်ပုံတွေက ထူးချွန်တဲ့ ဘွဲ့ရတွေနဲ့ ကျောင်းသားတွေကို လုပ်ငန်းအသိအမှတ်ပြုမှုပေးတဲ့ ၂၀၂၃ ခုနှစ်အတွက် Rookie Awards မှာ ထိုက်တန်တဲ့ နောက်ဆုံးဆန်ကာတင်တဦး ဖြစ်လာစေပါတယ်။ 

ဒါ့အပြင် ဂျက်ဆင်ဟာ Australia GOTYA Graduate of the Year 2023 Design Institute မှာလည်း အမည်စာရင်း တင်သွင်းခံရပါတယ်။

သူ့လို သတိရှိတဲ့ အမြင်ရှိတဲ့ ဒီဇိုင်နာတွေဟာ ဖက်ရှင်ရဲ့အနာဂတ်ကို ပုံဖော်ဖို့အတွက် လိုအပ်နေပြီး Billy Blue မှာ လောကထဲကို ဝင်ရောက်ဖို့ ပြင်ဆင်နေတဲ့အချိန် သူ့လုပ်ဆောင်မှုတိုင်းကို ဖော်ပြတဲ့ ဘာကြောင့်လဲဆိုတဲ့ အခြေခံစကားလုံးတလုံးတည်းနဲ့ မေးခွန်းထုတ်ခံရပါတယ်။

“စိတ်ကူးတခုစီအတွက် တဦးချင်း ချဉ်းကပ်နည်းကို ပြုစုပျိုးထောင်ဖို့၊ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ပြီး ကိုယ့်ရဲ့အမြင်ရဲ့ အကြောင်းရင်းခံတွေကို ခွဲခြမ်းစိတ်ဖြာပြီး ‘ဘယ်ပြဿနာကို ဖြေရှင်းရမလဲ’ ဆိုတာကို အရိုးရှင်းဆုံးပုံစံဖြစ်အောင် သင်ပေးခဲ့တယ်။ ဒါမှမဟုတ် ငါက ဘာတန်ဖိုးတွေ ပေးနေတာလဲ။ “ပထမမေးခွန်းကို မဖြေနိုင်ရင်၊ အဲဒါကို ဖြေရှင်းချက်ထုတ်ဖို့ မကြိုးစားနဲ့၊ လွှတ်ချလိုက်ပြီး စိတ်ကူးသစ်တခုဆီ ဦးတည်သွားပါ”လို့  ဂျက်ဆင်ကောင်းဒင်န်က ပြောပါတယ်။ 

ဘာသာပြန်သူ - လီလီ

Billy Blue ဒီဇိုင်းကောလိပ်ဟာ Torrens တက္ကသိုလ်မှာတည်ရှိပြီး  ၃၅ နှစ်ကြာ ဆုရ ဒီဇိုင်းပညာနဲ့ သြစတြေးလျနိုင်ငံရဲ့ မူလ ဒီဇိုင်းကျောင်း ဖြစ်ပါတယ်။

(ဩစတြေးလျအခြေစိုက် VOGUE ဖက်ရှင်သတင်း ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ “How this young Australian designer is creating fashion’s new technological world” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013