DVB Logo
Home
မြန်မာသတင်း
ကျိုက်ထို KRF ဒုတာဝန်ခံ၏ ယောက္ခမနေအိမ် ချိပ်ပိတ်ခံရ
DVB
·
August 17, 2023
ကျိုက်ထို KRF ဒုတာဝန်ခံ၏ ယောက္ခမနေအိမ် ချိပ်ပိတ်ခံရ
Donate to DVB

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အခြေစိုက် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ဒုတာဝန်ခံ ကိုရဲသွေးနီရဲ့ ယောက္ခမပိုင် နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ဒီနေ့ သြဂုတ် ၁၇ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်၊ မင်္ဂလာလမ်းရှိ ကိုရဲသွေးနီ နေထိုင်ဖူးတဲ့ ယောက္ခမနေအိမ်ကို စစ်ကောင်စီတပ်၊ ရဲတွေအပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လာရောက်ချိပ်ပိတ်သွားခဲ့တာပါ။

စစ်ကောင်စီက ချိပ်ပိတ်သွားတဲ့ ကိုရဲသွေးနီးရဲ့ ယောက္ခမ နေအိမ်ဟာ ယောက္ခမရဲ့ အဘိုးဖြစ်သူ အမည်ပေါက် ပိုင်ဆိုင်တဲ့ နေအိမ်ဖြစ်တယ်လို့ သိရပါတယ်။

“ဒီအိမ်က ကျနော်ပိုင်တဲ့အိမ်လည်း မဟုတ်ဘူး၊ နေဖူးရုံပဲ ရှိတာ၊ ဒါကို သူတို့လည်း သိတယ်၊ ဘာမှ မဆိုင်တဲ့ မိသားစုဝင်တွေကို ဒုက္ခပေးချင်လို့ သက်သက်လုပ်တာ၊ စစ်အာဏာရှင်အောက်မှာ ဘယ်သူမှ လုံခြုံမှာမဟုတ်ဘူး” လို့ ကိုရဲသွေးနီက တုံ့ပြန်ပါတယ်။

စစ်ကောင်စီကတော့ ကိုရဲသွေးနီဟာ ကျိုက်ထိုမြို့ ဂွတ်ရှယ် ထမင်းဆိုင် ဗုံးဖောက်ခွဲမှု၊ ကျိုက်ထီးရိုးတောင်တက် ကားဂိတ်ပစ်ခတ်မှု အပါအဝင် ဘီးလင်း၊ သိမ်ဇရပ်နဲ့ ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုမှာ ကိုယ်တိုင်ပါဝင်တာ၊ နောက်ကွယ်ကနေ ပံ့ပို့ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီဟာ ကိုရဲသွေးနီကို သေဒဏ်၊ ထောင်ဒဏ်တသက်အပါအဝင် နှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်နိုင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂(က) အပါအဝင် ပုဒ်မပေါင်း ၁၀ ခုထက်မနည်း ဖွင့်လှစ်ထားပါတယ်။

ကိုရဲသွေးနီဟာ သံပန်းသံတံခါးလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာကနေ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သလို ဇနီးဖြစ်သူ ကျောင်းဆရာမကလည်း အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားပါတယ်။

နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း အရပ်သားပြည်သူပိုင် နေအိမ်တွေနဲ့ အကြီးစားပိုင်ဆိုင်မှု ၈၀၀ နီးပါး ချိပ်ပိတ်ခံထားရတယ်လို့ နိုင်ငံရေးအကျည်သားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) က အခုနှစ် ဧပြီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013