DVB Logo
Home
မြန်မာသတင်း
Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူအား ဖမ်းဆီးပြီး ကျောင်းကိုချိပ်ပိတ်
DVB
·
August 16, 2023
Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူအား ဖမ်းဆီးပြီး ကျောင်းကိုချိပ်ပိတ်
1 / 2
Donate to DVB

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ၃၆ လမ်း နဲ့ ၆၁ လမ်းထောင့်ရှိ Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူကို စစ်ကောင်စီက ဒီနေ့မနက် ဖမ်ဆီးပြီး ကျောင်းကို ချိပ်ပိတ်လိုက်တယ်လို့ မြိုခံတွေက ပြောပါတယ်။

Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်းမှာ CDM ဆရာ၊ ဆရာမတွေကို လက်ခံပြီး PDF နဲ့ NUG ကို ဆက်သွယ်ထောက်ပံ့တယ်လို့ဆိုကာ ကျောင်းတည်ထောင်သူကို ဖမ်းဆီးကာ ချိပ်ပိတ်ခဲ့တာလို့ မြို့ခံတဦးက ပြောပါတယ်။

"ပိုင်ရှင်တွေကို ဖမ်းထားပြီး လာချိပ်ပိတ်တာ။ စစ်တပ်ပါတယ်၊ ထွေအုပ်ပါတယ်၊ ရဲပါတယ်၊ ဆရာမတွေလည်း အဖမ်းခံရတယ်ကြားတယ်။" 

မဟာအောင်မြေမြို့နယ် မဟာအောက်မြေအနောက်ရပ်ကွက် ၃၅၃၆ လမ်း ၆၀ လမ်းနေ Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ ဦးမြတ်ကျော်နဲ့ ပညာရေးဝန်ထမ်းအချို့ကို ဖမ်းဆီးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"သူ့ကို ထောက်ပို့လုပ်နေတယ်၊ PDF တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး သတင်းပေးလို့ တပ်က ဝင်ဖမ်းတာ။ သူ အပါအဝင် ငါးယောက်လောက်အဖမ်းခံရတယ်။" 

လက်တလောမှာ Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်ကောင်စီတပ်က နိုင်ငံပိုင်သိမ်းဆည်းလိုက်ကြောင်းနဲ့ ဝင်ရောက်ကျူးကျော်ခြင်းမပြုဖို့ သတိပေး ဗွီနိုင်းစာ ကပ်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်ကလည်း ချမ်းမြသာစည်မြို့နယ် အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၊ ၃၀ လမ်း ၈၀x၈၁ လမ်းကြားမှာ အောင်မြန်မာ စာရေးကရိယာအမျိုးမျိုးဆိုင်ပိုင်ရှင်ဖြစ်သူနဲ့ သမီးဖြစ်သူကို ဖမ်းဆီးပြီး ဆိုင်ကိုချိပ်ပိတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013