DVB Logo
Home
မြန်မာသတင်း
အကျဥ်းထောင်များမှ လွတ်လာသည့် ရိုဟင်ဂျာ ၃၇၀ ကျော်အား မောင်တောခရိုင်သို့ ပြန်ပို့
DVB
·
August 16, 2023
အကျဥ်းထောင်များမှ လွတ်လာသည့် ရိုဟင်ဂျာ ၃၇၀ ကျော်အား မောင်တောခရိုင်သို့ ပြန်ပို့
Donate to DVB

မြန်မာတနိုင်ငံလုံးရှိ အကျဥ်းထောင်တွေက လွတ်ရက်စေ့ပြီး လွတ်လာသူတွေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာကြနဲ့ မောင်တောခရိုင်က ရိုဟင်ဂျာ အယောက် ၃၇၀ ကျော်ကို သြဂုတ် ၁၆ ရက် ဒီနေ့မွန်လွဲပိုင်းက မောင်တောခရိုင်ကို ပြန်ပို့လိုက်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံက သိရပါတယ်။

လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတဦးက “လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူက များတယ်ဗျ။ လွတ်ရက်စေ့ပြီး လွတ်လာသူတွေလည်း ပါတယ်။ အားလုံး ၃၇၀ ကျော်တယ်။ မောင်တောက ၃၀၀ ​ကျော်၊ ဘူးသီးတောင်က ၇၀ ကျော်ပါတယ်။ ကျား၊ မ၊ ကလေး အရေအတွက်တွေ အတိအကျ မသိရသေးဘူး” လို့ ပြောပါတယ်။

လွတ်မြောက်လာသူတွေထဲ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဥ်မှာ ထွက်ပြေးသွားကြသူတွေ ပါသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀၀ ​ကျော်ခန့်လည်း ပါရှိနေတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ တာဝန်ရှိသူတွေက ပြောပါတယ်။

“မြန်မာဘက်မှာနေတဲ့လူတွေကို စစ်ဆေးပြီး သူတို့ဆွေမျိုးတွေထံ အပ်နှံသွားမှာပါ။ ဘင်္ဂလားဘက်က လူတွေကိုတော့ နှစ်နိုင်ငံ သံတမန်ရေးအရ ဆောင်ရွက်သွားမှာပါ” လို့ ပြည်နယ်ကောင်စီ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးတာဝန်ရှိသူတွေကတော့ သူတို့ဆီကို ဘင်္ဂလားနိုင်ငံသား ၂၇ ဦးသာ ပါဝင်ကြောင်း ပြောပါတယ်။

“ထောင်ကလွတ်ရက်စေ့ပြီး လွတ်လာသူတွေထဲမှာ ဘင်္ဂလားနိုင်ငံသား ၂၇ ဦးပါတယ်လို့တော့ စာရင်းလာပေးထားတာ ရှိတယ်။ ဒါပေမဲ့ ဘင်္ဂလားနိုင်ငံသား ဟုတ်မဟုတ်ကို ဘူးသီးတောင် အကျဥ်းထောင်ကို သွားရောက်စစ်ဆေးရဦးမှာ။ ဘင်္ဂလားနိုင်ငံသား အိုင်ဒီကတ် ပြနိုင်ရမယ်။ ယူအန် အိုင်ဒီကတ်ပြလို့ ဘင်္ဂလားနိုင်ငံသားအဖြစ် လက်မခံနိုင်ပါဘူး” လို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးတာဝန်ရှိသူတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင်တွေဟာ ၂၀၁၇ အကြမ်းဖက်ဖြစ်စဥ်တွေကြောင့် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၆ သိန်းခန့် ထွက်ပြေးခဲ့ကြရပါတယ်။

အဲဒီ ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေမှာ မနေချင်တာကြောင့် လူပွဲစားနဲ့ဆက်သွယ်ကာ မလေးရှား အစရှိတဲ့ ပြည်ပနိုင်ငံတွေဆီ တရားမဝင် သွားလာနေကြတာပါ။

ရခိုင်ဒေသမှာ ကျန်ရှိနေခဲ့ကြတဲ့ ရိုဟင်ဂျာတွေမှာလည်း အလုပ်အကိုင် အခွင့်အလမ်းမရှိမှု၊ ပညာတတ်ပေမဲ့ အစိုးရအလုပ်တွေမှာ အလုပ်ခန့်ထားခြင်းမရှိမှု၊ လွတ်လပ်စွာ ခရီးသွားလာခွင့် မရရှိမှု၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ လူ့အခွင့်အရေးတွေ အပြည့်အဝ ခံစားရတာ မရှိကြတာကြောင့် အခုလို မလေးရှားနိုင်ငံ အစရှိတဲ့ ပြည်ပနိုင်ငံတွေကို ပင်လယ်ကိုဖြတ်ပြီး အသက်အန္တရာယ်တွေကြားက သွားလာနေကြပြီး ဖမ်းဆီးခံရသူ အများစုရှိနေ​သလို ပင်လယ်ပြင်မှာ စက်လှေနစ်မြုပ်ပြီး သေဆုံးတာတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013