DVB Logo
Home
နိုင်ငံတကာ
စစ်တပ်အတွင်း နှိပ်စက်ညှဉ်းပန်းခံရကြောင်း အမေရိကန် စစ်သား ဝန်ခံဟု မြောက်ကိုရီးယား ပြော
DVB
·
August 16, 2023
စစ်တပ်အတွင်း နှိပ်စက်ညှဉ်းပန်းခံရကြောင်း အမေရိကန် စစ်သား ဝန်ခံဟု မြောက်ကိုရီးယား ပြော
Donate to DVB

အမေရိကန်စစ်တပ်အတွင်း လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းတာနဲ့ လူမျိုးရေး ခွဲခြားဆက်ဆံတာကြောင့် မြောက်ဘက်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ အမေရိကန်စစ်သား ထရဲဗစ်စ်ကင်းက ဝန်ခံခဲ့ကြောင်း မြောက်ကိုရီးယားက ပြောကြားတယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA က သြဂုတ် ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အမေရိကန်စစ်တပ်က ရိုးရိုးတပ်သား ထရဲဗစ်စ်ကင်းဟာ ဇူလိုင် ၁၈ ရက်က ကိုရီးယား ၂ နိုင်ငံကြား လုံခြုံရေးထူထပ်ပြီး ခိုင်ခံ့တဲ့ ပူးတွဲလုံခြုံရေးနယ်မြေ (JSA) ကို အရပ်သား လေ့လာရေးခရီးစဉ် သွားနေချိန်အတွင်း မြောက်ကိုရီးယားဘက် ပြေးဝင်သွားခဲ့တာပါ။

ထရဲဗစ်စ်ကင်းဟာ နယ်စပ်ကို ရည်ရွယ်ချက်ရှိရှိ ဖြတ်ကျော်ခဲ့တယ်လို့ ယုံကြည်ကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

ထရဲဗစ်စ်ကင်းဟာ မြောက်ကိုရီးယား သို့မဟုတ် တတိယနိုင်ငံမှာနေဖို့ ရည်ရွယ်ချက်နဲ့ တမင်တကာ တရားမဝင် ဖြတ်ကျော်ခဲ့တယ်လို့ မြောက်ကိုရီးယား စုံစမ်းစစ်ဆေးရေးမှူးတွေကလည်း ကောက်ချက်ချခဲ့ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ KCNA က ပြောကြားခဲ့ပါတယ်။

ထရဲဗစ်စ်ကင်းဟာ မြောက်ကိုရီးယား သို့မဟုတ် တတိယနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်တောင်းခံလိုတဲ့ သူ့ရဲ့ဆန္ဒကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပြီး မညီမျှတဲ့ အမေရိကန် လူ့အဖွဲ့အစည်းကို စိတ်ပျက်မိတယ်လို့ ပြောဆိုခဲ့ကြောင်း KCNA က ကြေညာသွားပါတယ်။

ထရဲဗစ်စ်ကင်းကို မြောက်ကိုရီးယား အချုပ်အနှောင်အတွင်း ဖမ်းဆီးခံထားရပေမဲ့ သူ့ကို စစ်သုံ့ပန်းအဖြစ် သတ်မှတ်ဖို့ကိုတော့ အမေရိကန်က အခုထိ ငြင်းဆိုထားကြောင်း အမေရိကန် တာဝန်ရှိသူတွေက ရိုက်တာကို ပြောကြားခဲ့ပါတယ်။

ထရဲဗစ်စ်ကင်းဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ အမေရိကန်စစ်တပ်ကို ဝင်ရောက်ခဲ့ပြီး ကိုရီးယား အလှည့်ကျတပ်ဖွဲ့နဲ့အတူ ကင်းထောက်တပ်သားအဖြစ် အမှုထမ်းခဲ့တာပါ။

သူဟာ တောင်ကိုရီးယားမှာ ကိုယ်ထိလက်ရောက်မှု စွပ်စွဲချက် ၂ ခုနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး တရားရုံးမှတ်တမ်းတွေအရ ရဲကားကို ထိခိုက်ပျက်စီးစေတဲ့ တိုက်ခိုက်မှုနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးမှုတို့မှာ အပြစ်ရှိကြောင်း နောက်ဆုံးမှာ သူက ဝန်ခံခဲ့ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013