DVB Logo
Home
အားကစား
မြန်မာ ယူ-၂၃ အသင်း ခြေစမ်းပွဲတွင် ကူဝိတ်အသင်းကို ရှုံးနိမ့်
DVB
·
August 15, 2023
မြန်မာ ယူ-၂၃ အသင်း ခြေစမ်းပွဲတွင် ကူဝိတ်အသင်းကို ရှုံးနိမ့်
Donate to DVB

အာဆီယံ ယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ ပြင်ဆင်မှုအဖြစ် မြန်မာယူ-၂၃ ဘောလုံးအသင်းဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သြဂုတ် ၁၄ ရက် ည ၇ နာရီခွဲက ကူဝိတ် ယူ-၂၃ အသင်းနဲ့ ခြေစမ်းပွဲ ယှဥ်ပြိုင်ကစားခဲ့ရာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

မြန်မာအသင်းဟာ အာရှအင်အားကြီး ကူဝိတ်အသင်းကို တပွဲလုံး ယှဥ်ကစားနိုင်ခဲ့ပြီး ပွဲပြီးခါနီး မိနစ် ၉၀ နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ဆော်လမန်အယ်ဝါဒီရဲ့ သွင်းဂိုးကြောင့်သာ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

အာဆီယံ ယူ-၂၃ ဖလားပြိုင်ပွဲမှာ မြန်မာယူ-၂၃ လက်ရွေးစင်အသင်းဟာ အုပ်စု က မှာ အိမ်ရှင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းတို့နဲ့ တွေ့ဆုံနေပါတယ်။

မြန်မာအသင်းဟာ ထိုင်းအသင်းနဲ့ သြဂုတ် ၁၇ ရက်၊ ကမ္ဘောဒီးယားအသင်းနဲ့ သြဂုတ် ၁၉ ရက်၊ ဘရူနိုင်းအသင်းနဲ့ သြဂုတ် ၂၁ ရက်တို့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ယူ-၂၃ အာဆီယံဖလားပြိုင်ပွဲ အုပ်စု ၃ ခုမှာ ပထမရတဲ့အသင်း ၃ သင်းအပြင် အကောင်းဆုံး ဒုတိယရတဲ့ အသင်းပါ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာယူ-၂၃ အသင်းဟာ ၂၀၂၂ အာဆီယံဖလားပြိုင်ပွဲမှာ အသင်းသားတွေ ကိုဗစ်ကူးစက်မှု ဖြစ်ပွားနေတာကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013