DVB Logo
Home
အားကစား
မြန်မာဖူဆယ်အသင်း တတိယလုပွဲတွင် အာဖဂန်နစ္စတန်ကို ဂိုးပြတ်ရှုံး
DVB
·
August 14, 2023
မြန်မာဖူဆယ်အသင်း တတိယလုပွဲတွင် အာဖဂန်နစ္စတန်ကို ဂိုးပြတ်ရှုံး
Donate to DVB

ထိုင်းနိုင်ငံမှာကျင်းပတဲ့ “Continental Fustal Championship 2023” ပြိုင်ပွဲ တတိယလုပွဲကို သြဂုတ် ၁၃ ရက်က ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာဖူဆယ်အသင်းက အာဖဂန်နစ္စတန်ကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၆၆ ရှိတဲ့ အာဖဂန်နစ္စတန်အသင်းဟာ ကမ္ဘာ့အဆင့် ၈၃ ရှိတဲ့ မြန်မာအသင်းကို အသားစီးကစားနိုင်ခြင်း မရှိပေမဲ့ အဆုံးသတ်သေချာမှုကြောင့် ပထမပိုင်းမှာ ၂ ဂိုး ၁ ဂိုး၊ ဒုတိယပိုင်းမှာ ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

“Continental Fustal Championship 2023” ဗိုလ်လုပွဲမှာ ချက်ဖူဆယ်အသင်းက အိမ်ရှင် ထိုင်းဖူဆယ်အသင်းကို ၆ ဂိုး ၅ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်စွဲခဲ့ပါတယ်။

မြန်မာဖူဆယ်အသင်းဟာ အောက်တိုဘာ ၇ ရက်ကနေ ၁၁ ရက်အထိ ကျင်းပမယ့် “AFC Futsal Asian Cup 2024 Qualifiers 2024” အုပ်စု င မှာ အိန္ဒိယ၊ ပါလက်စတိုင်း၊ တာဂျစ်ကစ္စတန်တို့နဲ့ ယှဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

မြန်မာဖူဆယ်အသင်းဟာ အောက်တိုဘာ ၇ ရက်နေ့မှာ ပါလက်စတိုင်းဖူဆယ်အသင်း၊ အောက်တိုဘာ ၉ ရက်မှာ အိန္ဒိယဖူဆယ်အသင်းနဲ့ အောက်တိုဘာ ၁၁ ရက်မှာ တာဂျစ်ကစ္စတန် အသင်းတို့နဲ့ ယှဥ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013