
ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်ကစားဖြစ်သူ မွိုင်ဆက်စ် ကိုင်ဆီဒိုကို လီဗာပူးအသင်းက ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ နာမည် ကြီး ဘောလုံးသတင်းထောက် ဖာဘရီဇီယို ရိုမာနိုကတော့ ကိုင်ဆီဒို အနေနဲ့ ချဲယ်ဆီး အသင်းကိုသာ ပြောင်းရွှေ့လိုတာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။
လီဗာပူးအသင်းနဲ့ ဘရိုက်တန်အသင်းကြားက ကိုင်ဆီဒိုအတွက် ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၁၁၀ ဝန်းကျင် ဖြစ်တယ်လို့ ဖော်ပြထားပေမဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုတော့ မရှိသေးပါဘူး။
အသက် ၂၁ နှစ်အရွယ် အီကွေဒေါလက်ရွေးစင်ဟာ ချဲယ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကိုသာ မျှော်လင့်နေတာကြောင့် မကြာခင်မှာ လန်ဒန်ကလပ်နဲ့ အပြောင်းအရွှေ့ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
Source-Reuters










