DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ်တွင် ရိုဟင်ဂျာ ၁၄၃ ယောက်ကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
August 11, 2023
သံဖြူဇရပ်တွင် ရိုဟင်ဂျာ ၁၄၃ ယောက်ကို စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာမှာ သြဂုတ် ၁၁ ရက် ဒီနေ့မနက် ၆ နာရီက မြေသယ်ယာဥ်တစီးပေါ်ကနေ ရိုဟင်ဂျာ ၁၄၃ ယောက်ကို စစ်ကြောင်းလှည့်လာတဲ့ စစ်ကောင်စီတပ်က ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၆ နာရီခွဲက ဝဲခမီကျေးရွာအနီးမှာ မြေသယ်ယာဥ်လေးစီးကို မသင်္ကာလို့ စစ်ဆေးခဲ့ရာ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး ၁၄၃ ယောက်ကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဖရဲသီးကုမ္ပဏီက ကားတွေကို မသင်္ကာလို့ စစ်တာ၊ သတင်းရလို့လည်း ဖြစ်နိုင်တယ်။ အဖွဲ့အစည်း အတော်စုံတယ်။”

ရိုဟင်ဂျာ ၁၄၃ ယောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ စက်လှေနဲ့ထွက်လာပြီး သံဖြူဇရပ်မြို့နယ် သပြေချောင်းဝမှာ ကပ်ကာ မြေသယ်ယာဥ်နဲ့ ပုန်းခိုလိုက်ပါလာစဥ် ဝဲခမီကျေးရွာမှာ ဖမ်းဆီးရမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မိတဲ့သူတွေနဲ့ပတ်သက်ပြီး ဌာနက စုံစမ်းနေတယ်။ လုပ်ငန်းရှင်တချို့လည်း ပါတယ်ကြားတယ်။ စစ်ဆေးနေတုန်းပဲ။”

လတ်တလောမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၁၄၃ ယောက်ကို သံဖြူဇရပ်မြို့နယ်ရုံးမှာ စစ်ကောင်စီတပ်၊ ထွေအုပ်၊ ရဲနဲ့ ဌာနဆိုင်ရာ အဖွဲ့တွေက စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်ကလည်း လပွတ္တာမြို့နယ်၊ ပြင်စလူမြို့နယ်၊ ကိုးသောင်းကျေးရွာနဲ့ လေးမိုင်ခန့်အကွာမှာ စက်လှေတစီးပေါ်ကနေ ရိုဟင်ဂျာ ၇၂ ယောက်ကို ဖမ်းဆီးမိခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013