DVB Logo
Home
မြန်မာသတင်း
နိုင်ငံမဲ့ကလေးများ၏ ပညာရေးအခွင့်အရေးအတွက် အထူးကော်မတီဖွဲ့ဆောင်ရွက်ရန် MFP ပါတီ တိုက်တွန်း 
DVB
·
August 11, 2023
Donate to DVB

ထိုင်းနိုင်ငံရှိ နိုင်ငံမဲ့ကလေးငယ်တွေ  ထိုင်းနိုင်ငံသားကလေးတွေနဲ့တန်းတူ  ပညာသင်ကြားခွင့် အခွင့်အရေးတွေရရှိဖို့  MFP ( Move Forward Party )  ကောက်ကလိုင်ပါတီက ထိုင်း လွှတ်တော်ရှေ့မှာ သတင်းစာရှင်းပွဲလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံအလယ်ပိုင်း အန်ထောင်းခရိုင်မှာ ပညာသင်ကြားနေတဲ့ အထောက်အထားမဲ့ ကလေး ၁၂၆ ဦးကို ထိုင်းလဝကရဲက ဖမ်းဆီးပြီး မြန်မာနိုင်ငံ ပြန်ပို့ခဲ့တာနဲ့ ပတ်သက်လို့  လိမ္မော်ရောင်ပါတီ MFP က အခုလို ပြောကြားလိုက်ပါတယ်။

ကျန်တဲ့အထောက်အထားမဲ့၊ နိုင်ငံမဲ့ကလေးတွေ ပညာရေးအတွက် စိုးရိမ်ပူပန်မှုရှိကြောင်း၊ ထိုင်းနိုင်ငံမှာ ( Education for All ) လို့ခေါ်တဲ့  လူတိုင်း ပညာသင်ကြားနိုင်ခွင့် ဥပဒေရှိပါလျက်နဲ့ ၊ လူ့အခွင့်အရေးရှိပါလျက်နဲ့ ဖမ်းဆီးပြန်ပို့ တာမဖြစ်သင့်ကြောင်း  MFP ပါတီလွှတ်တော်အမတ်တွေက ပြောပါတယ်။

နိုင်ငံမဲ့ကလေးတွေ၊ ရွှေ့ပြောင်းအလုပ်သမား သားသမီးတွေကို လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးအရ ပညာသင်ကြားခွင့်ပေးခြင်းအားဖြင့် လူ့အရည်အသွေးတိုးတက်မှုကို မြှင့်တင်ပြီးနိုင်ငံအတွက် အကျိုးပြုတဲ့ အရည်အသွေးရှိ လုပ်သား‌ကောင်းတွေ ပေါ်ထွက်စေတယ်၊ နိုင်ငံမဲ့ကလေးတွေ ဘယ်သူဘယ်ဝါဆိုတာ သိရဖို့  G လို့ခေါ်တဲ့ ကုတ်အမျိုးအစား အထောက်အထားတွေထုတ်ပေးရမယ့် ဥပဒေရှိတယ်၊ ဒါပေမဲ့ ရွှေ့ပြောင်းလုပ်သား သားသမီးနဲ့ နိုင်ငံမဲ့ကလေးပေါင်း သုံးသိန်းမှာ တသိန်းလောက်သာ G သက်သေခံကတ်ပြားနဲ့  ထိုင်းကျောင်းတွေမှာ ဝင်ရောက်ပညာသင်ကြားနေရတယ်လို့  MFP ပါတီလွှတ်တော်အမတ် ပါရမီ ဝိုင်းကျူံးကျရွန်းက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

MFP ပါတီ ဒုဥက္ကဋ္ဌ နိုင်းနာ့ထဝတ် ဘိုပထုမ်ကလည်း  နိုင်ငံမဲ့ကလေး၊ တိုင်းရင်းသားကလေးတွေ သက်သေခံကတ်ပြားရရှိ‌ရေး၊ ထိုင်းနိုင်ငံသားဖြစ်ခွင့်ရှိတဲ့ ကလေးတွေ နိုင်ငံသားကတ်ရရှိရေး ဆောင်ရွက်ပေးမယ်လို့ပါတီမဲဆွယ်စည်းရုံးစဉ်က ပြောခဲ့တယ်။

ပြည်သူတွေကို ကတိပေးထားတဲ့အတိုင်း ဆောင်ရွက်မယ်၊ အစိုးရအနေနဲ့ ဒီကိစ္စကို စနစ်တကျထိရောက်စွာဆောင်ရွက်နိုင်ဖို့  သက်ဆိုင်ရာအဖွဲ့တွေပါဝင်တဲ့ နိုင်ငံမဲ့ကလေးများအရေး အထူးကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ တိုက်တွန်းပြီး သူတို့ကိုယ်တိုင်လည်း ဒီလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်မယ်လို့ ပြောသွားပါတယ်။  

ကိုးကား - CH3 TV News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013