
မန်ယူကွင်းလယ်လူ ဖရက်ဒ်ကိုခေါ်ယူဖို့ တူရကီကလပ် ဖီနာဘာချီအသင်းက သဘောတူညီမူရယူနိုင်ခဲ့ပါတယ်။
အသက် ၃၀ နှစ်ရှိ ဘရာဇီးလက်ရွေးစင်ကစားသမားကို မန်ယူနည်းပြတန်ဟတ်ဂ်က ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတာပါ။
ဖရက်ဒ်အတွက် ဖူဟမ်နဲ့ ပြင်သစ်ကလပ်တွေကလည်း ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမဲ့ ဖီနာဘာချီက လက်ဦးမှုရယူနိုင်ခဲ့တာပါ။
ပြောင်းရွှေ့ကြေး ယူရို ၁၀ သန်းအပါအဝင် ထပ်ဆောင်ပေးချေရမယ့် ငွေကြေး ယူရို ၅ သန်းနဲ့ ကမ်းလှမ်းချက်ကို မန်ယူအသင်းက လက်ခံခဲ့တာပါ။
ဖရက်ဒ်ဟာ ၂၀၁၈ ခုနှစ်က ယူကရိန်းကလပ် ရှက်တာဒိုးညက်ခ် အသင်းကနေ ပေါင် ၅၂ သန်းနဲ့ ပြောင်းရွှေ့လာသူပါ။ ယူနိုက်တက်နဲ့ ၂၁၃ ပွဲ အထိ ကစားခဲ့ပြီး ၁၄ ဂိုးသွင်းယူခဲ့ ပါတယ်။










