DVB Logo
Home
အားကစား
ချန်ပီယံလိဂ် ခြေစစ်ပွဲကစားမည့် ရုရှားကစားသမားကို ဗြိတိန်က ပြည်ဝင်ခွင့်မပြု
DVB
·
August 10, 2023
ချန်ပီယံလိဂ် ခြေစစ်ပွဲကစားမည့် ရုရှားကစားသမားကို ဗြိတိန်က ပြည်ဝင်ခွင့်မပြု
Donate to DVB

ချန်ပီယံလိဂ် ခြေစစ်ပွဲကစားမယ့် ဆွစ်ဇာလန်ကလပ် ဆာဗက်အသင်းက ရုရှားကစားသမားတစ်ဦးကို ဗြိတိန်နိုင်ငံက ပြည်ဝင်ခွင့်မပြုခဲ့တာကြောင့် ချန်ပီယံလိဂ်ပွဲစဉ်နဲ့ လွဲချော်ခဲ့ပါတယ်။

ဆွစ်ဇာလန်ကလပ် ဆာဗက်အသင်းဟာ မနေ့ညက စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းနဲ့ ချန်ပီယံလိဂ် ခြေစစ်ပွဲ ကစားခဲ့တာပါ။

အဲဒီပွဲစဉ်အတွက် စကော့တလန်နိုင်ငံဆီ သွားရောက်ဖို့ ပြင်ဆင်ရာမှာ ဆာဗက်အသင်းက ရုရှားကွင်းလယ်လူ အွန်ဒူအာကို ပြည်ဝင်ခွင့်မပေးခဲ့တာဖြစ်ပါတယ်။

အွန်ဒူအာ ဟာ ကင်မရွန်းလူမျိုးတစ်ဦးဖြစ်ပေမဲ့ ရှရှားနိုင်ငံသား ခံယူထားသူဖြစ်ပြီး ကမ္ဘာ့ဖလား ကာလအတွင်းမှာ ဖိနပ်ပေါ်မှာ ရုရှားနိုင်ငံအလံ ချုပ်လုပ်ပြီး ဝတ်ဆင်ခဲ့လို့ ဝေဖန်ခံရဖူးပါတယ်။

ဆာဗက်အသင်းမှာ အွန်ဒူအာ အပြင် တခြားကစားသမား ၇ ဦးဟာလည်း ပွဲပယ်နဲ့ ဒဏ်ရာပြဿနာတွေကြောင့် လွဲချော်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013