
လာမယ့်ရာသီမှာ အဆင့် ၅ နေရာရရှိတဲ့အသင်းပါ ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်တယ်လို့ ပရီးမီးယားလိဂ် အဖွဲ့ချုပ်က ထုတ်ပြန်သွားပါတယ်။
၂၀၂၄-၂၀၂၅ ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ပုံစံအရ စုစုပေါင်း ၃၆ သင်းက ဝင်ပြိုင်ခွင့်ရမှာဖြစ်ပြီး UEFA ရဲ့ အဆင့်သတ်မှတ်ချက် အမြင့်ဆုံး နှစ်နိုင်ငံကလိဂ်တွေက ဝင်ခွင့်တစ်နေရာစီ ပိုမို ရရှိမှာပါ။
လက်ရှိရပ်တည်မှုအရတော့ အင်္ဂလန်နဲ့ စပိန်လိဂ်တွေက အဆင့်သတ်မှတ်ချက် အမြင့်ဆုံးလိဂ်တွေ ဖြစ်ပါတယ်။
အင်္ဂလန်ကလပ်တွေအနေနဲ့ နောက်ဆုံးဥရောပပြိုင်ပွဲ ၆ ရာသီမှာ ၅ ရာသီခြေစွမ်းပြသနိုင်ခဲ့သလို နောက်ဆုံး ၁၁ ရာသီမှာ ၇ ရာသီခြေစွမ်းပြသနိုင်ခဲ့ပြီး အဲဒီလို အစဉ်အလာကောင်းမွန်မှုတွေက ချန်ပီယံလိဂ်ဝင်ခွင့် ထပ်တိုးတစ်နေရာကို ရယူဖို့ဖြစ်လာတာပါ။
၂၀၀၅ ခုနှစ် ချန်ပီယံလိဂ်မှာ လီဗာပူးအသင်းက ချန်ပီယံဖြစ်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာ အဆင့်လေးအတွင်း မဝင်ခဲ့တာကြောင့် ၂၀၀၆ ခုနှစ်မှာ အင်္ဂလန်ကလပ် ၅ သင်းအထိ ချန်ပီယံလိဂ် ကစားခွင့်ရခဲ့ဖူးပါတယ်။











