DVB Logo
Home
အားကစား
မြန်မာဖူဆယ်အသင်း အုပ်စုအဖွင့်ပွဲတွင် ထိုင်းကို ၅ ဂိုးပြတ်ရှုံးနိမ့်
DVB
·
August 8, 2023
မြန်မာဖူဆယ်အသင်း အုပ်စုအဖွင့်ပွဲတွင် ထိုင်းကို ၅ ဂိုးပြတ်ရှုံးနိမ့်
Donate to DVB

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ “Continental Futsal Championship 2023” ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲကို သြဂုတ် ၇ ရက်က ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက အိမ်ရှင် ထိုင်းအသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၂၆ ရှိတဲ့ ထိုင်းဖူဆယ်အသင်းဟာ ပွဲစကတည်းက ကမ္ဘာ့အဆင့် ၈၃ ရှိတဲ့ မြန်မာဖူဆယ်အသင်းကို အသာစီးကစားထားပြီး ပထမပိုင်းမှာ တဂိုး၊ ဒုတိယပိုင်းမှာ လေးဂိုး သွင်းယူခဲ့ပါတယ်။

ပွဲအပြီးမှာ မြန်မာအသင်းနည်းပြချုပ် ဘန်လက်ချာအိုရွန်က “ပထမပိုင်းမှာ ကစားသမားတွေရဲ့ ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ အာရုံစိုက်မှုတွေ လျော့ခဲ့ပါတယ်။ ကျ​နော်တို့က အာရှခြေစစ်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ပြီး ဒီပြိုင်ပွဲမှာ နောက်တဆင့်တက်ဖို့အတွက် မနက်ဖြန်ကစားမယ့် ဆော်လမွန်အသင်းနဲ့ပွဲစဉ်ကို အနိုင်ရဖို့ ကြိုးစားပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

တခြားအုပ်စုပွဲစဥ်ဖြစ်တဲ့ အုပ်စု ခ က ချက်ဖူဆယ်အသင်းနဲ့ အာဖဂန်နစ္စတန်အသင်းတို့ ပွဲစဥ်မှာ တဖက် ၄ ဂိုးစီ သရေကျခဲ့ပါတယ်။

မြန်မာဖူဆယ်အသင်းဟာ အုပ်စု က နောက်ဆုံးပွဲစဥ်အဖြစ် သြဂုတ် ၈ ရက် ည ၇ နာရီမှာ ကမ္ဘာ့အဆင့် ၅၃ ရှိတဲ့ ဆော်လမွန်အသင်းနဲ့ ယှဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013