DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက ဌာန  ၇ ခု စတင်ဖွဲ့စည်း ဆောင်ရွက်နေ
DVB
·
August 8, 2023
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက ဌာန  ၇ ခု စတင်ဖွဲ့စည်း ဆောင်ရွက်နေ
Donate to DVB

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အနေနဲ့ ပြည်သူလူမှုဘဝ လုံခြုံရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ဌာန ၇ ခုကို စတင်စုဖွဲ့ ဆောင်ရွက်နေပြီလို့  ဩဂုတ် ၆ ရက်က ထုတ်ပြန်ပါတယ်။

IEC အနေနဲ့ ပြည်သူလူမှုဘဝ လုံခြုံရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် အနည်းဆုံး ဌာန ၁၂ ခုကို စုဖွဲ့ဆောင်ရွက်ဖို့ စီစဉ်ထားပြီး လက်ရှိမှာတော့ ဌာန ၇ ခုကို ဦးစားပေးဆောင်ရွက်နေကြောင်း ကြေညာထားပါတယ်။

အဲဒီဌာန ၇ ခုကတော့ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူ ထောင်ရေးဌာန၊ ပြည်ထဲရေးဌာန၊ ကာကွယ်ရေးနှင့် လုံခြုံရေးဌာန ၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန၊ စီမံကိန်းဘဏ္ဍာရေးနှင့် အခွန်ဌာနတို့ ဖြစ်ပါတယ်။

ဌာန ၇ ခုကို ဦးစားပေးဆောင်ရွက်နေချိန် ပြည်သူတွေရဲ့ လိုအပ်ချက်ပို ဖြည့်ဆည်းပေးနိုင်ဖို့စီစဉ်နေပြီး အထူးသဖြင့် ကျောင်းအနေအရွယ်ကလေးအားလုံး ပညာသင်ကြားခွင့်ရရှိရေး၊ ပြည်သူများအခြေခံ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လက်လှမ်းမှီရေး၊ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဒေသခံပြည်သူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေ ရရှိနိုင်ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူ့ဘဝ လုံခြုံရေးအတွက် ပြည်ထဲရေးဌာနအောက်မှာရှိတဲ့ ကရင်နီပြည်ရဲ (KSP) ကို စနစ်တကျ စုဖွဲ့ဆောင်ရွက်ခြင်း၊ တရားစီရင်ရေးစနစ်နဲ့ တရားရုံးများ တည်ထောင်ခြင်း၊ အဆင့်ဆင့်သော ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဌာနကို ပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ ကြည့်ကြပ် လမ်းညွန်မှုနဲ့အတူ သက်ဆိုင်ရာ ဌာနသီသီးက ကြိုးပမ်း အကောင်အထည်ဖော်နေကြောင်းလည်း ကြေညာထားပါတယ်။

အကောင်အထည်ဖော်မှုတွေကို သက်ဆိုင်ရာ ပညာရေးအင်အာစုတွေ၊ ကျန်းမာရေးအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပညာရှင်တွေ၊ အလှူရှင်တွေ၊ တော်လှန်ရေးအင်အားစုတွေအပြင်  KSCC ၊ NUG တို့နဲ့လည်း ပုံမှန်ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( Karenni State Interim Executive Council-IEC ) ကို ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့က အဖွဲ့ဝင် ၆ ဦး နဲ့စတင်ဖွဲ့စည်းခဲ့ပါတယ်။ 

ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေးကို ပြည်နယ်ကြားကာလ အစီအမံနဲ့အညီ လက်တွေ့အကောင်အထည်ဖော်ဖို့၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ဘဝလုံခြုံရေးနဲ့ တခြား အခြေခံလိုအပ်မှုတွေကို ပြန်လည်ဖြည့်ဆည်းပေးဖို့၊ ပြည်နယ်အတိုင်ပင်ခံကောင်စီရဲ့ လမ်းညွန်ချက်နဲ့အညီ တရားဥပဒေစိုးမိုးရေးနဲ့ အသွင်ကူးပြောင်းရေးကာလ အစီအမံတွေ ချမှတ်ဖော်ဆောင်နိုင်ဖို့၊  လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့ ဖယ်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုအဖြစ် ပါဝင်နိုင်ဖို့နဲ့ ဖယ်ဒရယ် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တခုကျင့်သုံးရမမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့အညီ အုပ်ချုပ်ရေးစနစ်ကို အစပျိုး လက်တွေ့အကောင်အထည်ဖော်ဖို့  ဦးတည်ချက် ၅ ရပ်နဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013