DVB Logo
Home
နိုင်ငံတကာ
နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်များက လေပိုင်နက်ကို ပိတ်
DVB
·
August 7, 2023
Donate to DVB

နိုင်ဂျာနိုင်ငံမှာ အာဏာသိမ်းခေါင်းဆောင်တွေက ဖြုတ်ချခံသမ္မတရဲ့ ရာထူးအတိုင်း ပြန်လည်အပ်နှံရမယ့် သတ်မှတ်ရက်အပေါ်  ငြင်းဆန်လိုက်ပြီးနောက် သြဂုတ် ၆ ရက်မှာ သူ့နိုင်ငံရဲ့ လေပိုင်နက်ကို ပိတ်ချလိုက်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အနောက်အာဖရိက ဒေသဆိုင်ရာ အစုအဖွဲ့ကလည်း စစ်ရေးအရ ဝင်ရောက်စွက်ဖွက်ဖို့ ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။

အနောက်အာဖရိက နိုင်ငံများဆိုင်ရာ စီးပွားရေးအသိုက်အဝန်း (ECOWAS) အဖွဲ့နဲ့ ညှိနှိုင်းပြီး နိုင်ဂျာနိုင်ငံအပေါ် ဝင်ရောက်တိုက်ခိုက်ဖို့အတွက် “အင်အားကြီး ပြည်ပနိုင်ငံတခု” က  ပြင်ဆင်နေတယ်လို့ သိရပါတယ်။

နိုင်ဂျာစစ်အစိုးရရဲ့ ကိုယ်စားလှယ်တဦးက ဒီထုတ်ပြန်ချက်ကို အမျိုးသားရုပ်မြင်သံကြားမှာ ဖတ်ကြားသွားတာပါ။

ဒီလို ကြားဝင်စွက်ဖက်ရေးနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဗဟိုအာဖရိကနိုင်ငံ ၂ ခုမှာ တပ်ဖွဲ့ဝင် နေရာချမှုတွေ ရှိနေတယ်လို့ ကိုယ်စားလှယ်ဖြစ်သူက ပြောကြားပါတယ်။ ဒါပေမဲ့လည်း အသေးစိတ် အချက်အလက်တော့ ပါဝင်မှု မရှိပါဘူး။

နိုင်ဂျာနိုင်ငံမှာ အဖမ်းခံထားရတဲ့ သမ္မတ မိုဟာမတ် ဘဇွန်းမ်ကို သတ်မှတ်ကာလအတွင်း မလွှတ်ပေးတဲ့အပြင် ရာထူးအပ်နှံမှုပါ မရှိဘူးဆိုရင် စစ်ရေးနည်းအတိုင်း အရေးယူဖို့အတွက် ဆုံးဖြတ်ထားကြတာပါ။

ဘယ်အချိန်နဲ့ ဘယ်နေရာမှာ တိုက်ခိုက်မယ်ဆိုတဲ့ အချက်အပါအဝင် စစ်ဘက်ဆိုင်ရာ အရေးယူမှု အစီအစဉ်အပေါ်မှာ ECOWAS အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေးဦးစီးချုပ်တွေက သဘောတူညီထားကြပြီ ဖြစ်ပါတယ်။

နောက်ထပ် ခြေလှမ်းတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုရာမှာတော့ အနောက်အာဖရိကအဖွဲ့က တုံ့ပြန်မှု မရှိပါဘူး။

ဒီအစုအဖွဲ့ရဲ့ ကန့်သတ်ကာလ ကုန်ဆုံးသွားချိန်မှာ ကြေညာချက်တစောင် ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ပြောရေးဆိုခွင့်ရှိသူက အစောပိုင်းမှာ ဖြေဆိုထားပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013