
သြစတြေးလျနိုင်ငံရဲ့ ကွင်းစ်လန်း(Queensland) ပြည်နယ်မှာ သြဂုတ် ၆ ရက်က နေအိမ် တခု မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့တာကြောင့် ဖခင်ဖြစ်သူနဲ့အတူ ယောက်ျားလေး ၅ ဦး သေဆုံးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
ဒီဖြစ်ရပ်အတွင်း သေဆုံးခဲ့ရတဲ့ အမျိုးသားရဲ့ ဇနီးဖြစ်သလို ကောင်လေးတွေရဲ့ အမေလည်းဖြစ်တဲ့ အမျိုးသမီးတစ်ဦးကတော့ ထိခိုက်မှုမရှိဘဲ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
ဘရစ္စဘင်း(Brisbane) မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၄၀နီးပါး အကွာက ရပ်ကွယ်ငယ်တစ်ခုဖြစ်တဲ့ ရပ်စ်ဆဲလ်(Russell) ကျွန်းပေါ်မှာ အခင်းဖြစ်ပွားခဲ့တာပါ။
ဒီအမျိုးသမီးဟာ "တစ် မိသားစုလုံးကို ဆုံးရှုံးလိုက်ရတာ" ဖြစ်တယ်လို့ ရဲမှူးဖြစ်တဲ့ မတ် ကယ်လ်လီ (Mat Kelly) က မှတ်ချက်ပေးပါတယ်။
အခုလို မီးလောင်ကျွမ်းခဲ့တဲ့ နေအိမ်ကတော့ ပြိုကျသွားတဲ့အပြင် အနီးအနားက အိမ်ရာအချို့မှာပါ ထိခိုက်မှုရှိခဲ့တယ်လို့ ပြည်နယ်ဆိုင်ရာ မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက ပြောကြားပါတယ်။
အခင်းဖြစ်ပွားရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့အတွက် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ် နေပေမယ့်လည်း သံသရာဖြစ်ဖွယ်ရာ မရှိဘူးလို့ ရဲတပ်ဖွဲ့က ယူဆထားကြောင်း သိရပါတယ်။
Source-Reuters