DVB Logo
Home
Lead Story
ငရဲလို မီးလောင်နေတဲ့ အိန္ဒိယ ကျောက်မီးသွေးတွင်းများ
DVB
·
August 6, 2023
Donate to DVB

အိန္ဒိယနိုင်ငံ၊ ဂျာဟတ်ဒ်ပြည်နယ်က မိုင်းတွင်း‌တွေမှာ ရာစုနှစ်တခုကြာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆဗီတရီမက်ဟ်တိုဟာ လူပေါင်း ၁၀၀,၀၀၀ ထဲက အသက်စွန့် စွန့်စားရတဲ့ ကျောက်မီးသွေး ဝယ်လိုအား ပြည့်မီဖို့ ထောက်ပံ့ပေးနေရတဲ့ သူ‌တွေထဲက တယောက်ဖြစ်ပါတယ်။

ညစ်ညမ်းတဲ့ ရုပ်ကြွင်းလောင်စာအတွက် စီးပွားဖြစ် သတ္တုတွင်းကြီးတခုရဲ့ အစွန်းက မီးတောက်တွေကြားမှာ တရားမဝင် အမှိုက်ကောက်နေတဲ့ အသက် ၂၂ အရွယ်မက်ဟ်တိုက “မီးကြောင့် မြေကြီးမီးလောင်နေတယ်။ ကျမတို့ နေ့စဥ်တိုင်း အကြောက်တရားနဲ့ နေရတယ်” လို့ ပြောပါတယ်။

၁၉၁၆ ခုနှစ်မှာ မိုင်းမတော်တဆမှုက‌နေ စတင်ခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားတဲ့ မြေအောက်မီးဟာ လူတွေနဲ့ အိမ်တွေကို ကျွံကျစေတဲ့တွင်းတွေ ဖန်တီးပေးခဲ့ပါတယ်။ ကျောက်မီးသွေးကောက်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဆယ်စုနှစ်တွေမှာ လူရာနဲ့ချီ သေဆုံးခဲ့ကြောင်း အစီရင်ခံကြပါတယ်။

“အရင်တုန်းက မတော်တဆမှုတွေ ဖြစ်ခဲ့ပြီး မြေကြီးနစ်မြုပ်သွားတဲ့အတွက် ဒီလိုမျိုး ဆက်ဖြစ်တတ်ပါတယ်” လို့ မက်ဟ်တိုက ပြောကြားခဲ့ပြီး သူဟာ ချက်ပြုတ်ဖို့နဲ့ မီးဖိုတွေအတွက် ရောင်းချဖို့ ပိုတည်ငြိမ်တဲ့ လောင်စာဖြစ်တဲ့ မီးသွေးကို ထုတ်လုပ်ဖို့အတွက် မီးလောင်နေတဲ့ ကျောက်ခဲတွေကို စုဆောင်းထားတယ်လို့ ဆိုပါတယ်။

“ဒီမှာနေရတာ အန္တရာယ်များတယ်၊ အိမ်တွေ အချိန်မရွေး ပြိုကျနိုင်တယ်” လို့ သူနာပြုတဦးဖြစ်ဖို့ အိပ်မက်မက်သူ မက်ဟ်တိုက ပြောပါတယ်။

ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံနဲ့ ပဉ္စမအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ကျောက်မီးသွေးသုံးစွဲမှုဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း နှစ်ဆတိုးလာခဲ့ပြီး လျှပ်စစ်ဓာတ်အားလိုင်းရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးကို စွမ်းအင်ပေးနေ ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ထက်ဝက်ဟာ ကျောက်မီးသွေး လောင်ကျွမ်းမှုကနေ ထွက်ပေါ်လာပြီး တရုတ်နိုင်ငံကတော့ ပိုမိုလောင်ကျွမ်းပါတယ်။

စတုရန်းကီလိုမီတာ ၃၀၀ (၁၁၆ စတုရန်းမိုင်) နီးပါး ကျယ်ဝန်းတဲ့ မိုင်းတွင်းတွေပေါ်မှာ လောင်ကျွမ်းနေတဲ့ မီးလောင်ကျွမ်းမှုဟာ CO2 ပါဝင်တဲ့ ကျောက်မီးသွေးတန်ချိန် သန်းပေါင်းများစွာကို လောင်ကျွမ်းစေခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။

ကျောက်မီးသွေးဟာ အသက်သွေးကြော

“ဒီပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လူ့အဖွဲ့အစည်းအတွက် တာဝန်ရှိတယ်” လို့ နိုင်ငံပိုင် ကျောက်မီးသွေး အိန္ဒိယရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ Bharat Coking Coal Ltd (BCCL) ကုမ္ပဏီရဲ့ အကြီးအကဲ ဆာမီရံဒတ္တ ပြောပါတယ်။

BCCL ကုမ္ပဏီဟာ မိုင်းတွင်းကို တရားမဝင် ဝင်ရောက်လာသူတွေအတွက် တာဝန်မရှိဘူးလို့ ဆာမီရံဒတ္တက ပြောကြားခဲ့ပြီး ကုမ္ပဏီဟာ လေထုညစ်ညမ်းမှုကို သက်သာစေဖို့ မြူမှုန်ရေဖျန်းစက်တွေ အပါအဝင် စက်ပစ္စည်းအမျိုးမျိုးကို ဝယ်ယူနေကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ နိုက်ထရိုဂျင်အရည် အသုံးပြုပြီး မီးခွဲအဖြစ် ကတုတ်ကျင်းတွေနဲ့ ဖြတ်တောက်ခြင်း အပါအဝင် မီးငြှိမ်းသတ်ဖို့ ကြိုးပမ်းမှုများစွာ မအောင်မြင်ခဲ့ပါဘူး။

“လေထုက ညစ်ညမ်းလွန်းတယ်” လို့ မတ်ဟ်တိုက သူရဲ့ မည်းမှောင်နေတဲ့ မျက်နှာပေါ်မှာ ပဝါကို တင်းကျပ်ထားပြီး  အဆိပ်ဓာတ်ငွေ့တွေ အဆက်မပြတ် ထိတွေ့မှုကြောင့် မျက်လုံးကို လောင်ကျွမ်းစေပြီး အဆုတ်ကို ထိခိုက်စေတယ်လို့ ပြောပါတယ်။

ကျောက်မီးသွေးကောက်သူတွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ အခြေအနေတွေမှာ အလုပ်လုပ်နေကြရပေမဲ့ အိန္ဒိယရဲ့ လောင်စာတောင့် လိုအပ်ချက်ကတော့ ကြီးမားနေတုန်းပါပဲ။

“ကျောက်မီးသွေးဟာ ဂျာဟတ်ဒ်ရဲ့ အသက်သွေးကြောဖြစ်တယ်” လို့ ပြည်တွင်းအလုပ်သမား သမဂ္ဂခေါင်းဆောင် အေကေဂျဟာက ပြောကြားပြီး အဆိုပါမိုင်းတွင်းတွေဟာ သံမဏိစက်မှုလုပ်ငန်းမှာ အသုံးပြုတဲ့ ကျောက်မီးသွေးအများစုနဲ့အတူ အနှစ် ၂၀၀ တာရှည်ခံနိုင်တယ်လို့ လက်ရှိထုတ်လုပ်မှုမှာ ပြောကြားခဲ့ပါတယ်။ “ကျောက်မီးသွေးဆိုတာ ဘယ်တော့မှ အဆုံးမသတ်နိုင်ပါဘူး။”

တရုတ်နဲ့ အမေရိကန်တို့နောက်မှာ ကမ္ဘာ့တတိယအကြီးဆုံး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်တဲ့ အိန္ဒိယမှာ စွမ်းအင်လိုအပ်ချက်တွေ ကြီးထွားလာနေပြီး လူလတ်တန်းစားတွေက စွမ်းအင်ဆာလောင်နေတဲ့ လေအေးပေးစက်တွေနဲ့ ရေခဲသေတ္တာတွေကို ဝယ်ယူမှု တိုးပွားလာနေပါတယ်။

ဒီနေ့အထိ ပူနွေးလာမှု ၁ ဒီဂရီစင်တီဂရိတ်လောက်သာ ပြင်းထန်တဲ့ ရာသီဥတုဟာ ပိုမိုဆိုးရွားပြီး သေစေတတ်ကြောင်းနဲ့ ဆယ်စုနှစ်တခုအတွင်း ကမ္ဘာကြီးဟာ စက်မှုခေတ် မတိုင်မီ စံညွှန်းထက် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် ကျော်လွန်သွားနိုင်တယ်လို့ ကုလသမဂ္ဂ ရာသီဥတု ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ တဦးချင်းထုတ်လွှတ်မှု ကမ္ဘာ့ပျမ်းမျှအောက် လျော့နည်းနေကြောင်း ထောက်ပြပြီး ၂၀၇၀ ခုနှစ်မှာ အသားတင် ကာဗွန်ထုတ်လွှတ်မှု ကင်းစင်သွားစေဖို့ ကတိပြုထားပါတယ်။

အမြဲကြောက်‌နေရတယ်

ပြည်နယ်အာဏာပိုင်‌တွေဟာ ၂၀၀၈ ခုနှစ်မှာ မိုင်းတွင်းကလူတွေကို ရွှေ့ပြောင်း နေရာချထားပေးခဲ့ပေမဲ့ အများစုက ထွက်ခွာသွားတာကြောင့် သူတို့ရဲ့ စားဝတ်နေရေးကို လက်လွှတ်လိုက်ရတယ်လို့ ဆိုကြပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်က ကျောက်မီးသွေးကောက်နေစဉ် မြေပြိုကျပြီး သေဆုံးသွားတဲ့ ၁၅ နှစ်အရွယ် သမီးဖြစ်သူ  ချန်ဒါကုမ္မာရီရဲ့မိခင် ဆူရှီလာဒေဝီက သူ ဆက်နေထိုင်ရမယ်လို့ ဆိုပါတယ်။

“တူညီတဲ့ကံကြမ္မာကို ကြုံရမှာကို အမြဲကြောက်တယ်။ ဒါပေမဲ့ အားကိုးရာမဲ့ဖြစ်နေတယ်” လို့ တနေ့ကို အလုပ်ကြမ်းနဲ့ ခြောက်ဒေါ်လာလောက်ရတဲ့ ဒေဝီက ပြောပါတယ်။ “အလုပ်မရှိရင် ဘာစားမလဲ။”

တခြားရွေးချယ်စရာတွေမရှိဘဲ တရားမဝင် ကျောက်မီးသွေးကောက်နေတာဟာ ဆက်လက်ရှိနေဦးမယ်လို့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်  ဂျဟာက ပြောပါတယ်။

“အဓိကမေးခွန်းက စားဝတ်နေရေးနဲ့ဆိုင်တယ်” လို့ ဂျဟာက ပြောပါတယ်။ “အစိုးရက (အလုပ်တွေမပေးနိုင်ရင်) လူတွေက သဘာဝကပေးတဲ့ အရာနဲ့ လုပ်ရလိမ့်မယ်” လို့ သူကဆိုပါတယ်။

ဒါပေမဲ့ မြေပြိုကျမှုကြောင့် နေအိမ်ပြိုကျခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် ဟင်းသီးဟင်းရွက် ရောင်းချသူ အာဂျန်းကူးမားက နေရာရွှေ့ပြောင်းခြင်းမပြုပါက သူတောင်းစားလို လမ်းတွေပေါ်မှာ နေထိုင်ခိုင်းစေမှာဖြစ်တာကြောင့် သူ့ရဲ့ဘဝဟာ ငရဲနဲ့တူမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တည်းခိုသူတွေအတွက် Coalfield Children Classes ပရဟိတအဖွဲ့ကို တည်ထောင်သူ အသက် ၅၅ နှစ်အရွယ် ပင်နာကီရွိုင်းဟာ အင်္ဂလိပ်၊ ကွန်ပျူတာနဲ့ အနုပညာဆိုင်ရာ သင်ခန်းစာတွေကို လူငယ်ကျောက်မီးသွေးကောက်တဲ့သူတွေအတွက် ပေးနေပါတယ်။

သူတို့ရဲ့ နောက်ဆုံးစာသင်ခန်းဟာ မိုင်းပေါက်ကွဲတာကြောင့် ပျက်စီးသွားခဲ့ပြီး အစားထိုးလဲလှယ်မှုဟာ မကြာမီ ပြိုကျနိုင်ဖွယ်ရှိပြီး သူ့ရဲ့နံရံတွေမှာ ကြီးမားတဲ့ အက်ကြောင်းတွေကို ရွိုင်းက က ညွှန်ပြနေပါတယ်။

“သူတို့က ကျောက်မီးသွေးကလွဲလို့ ဘာမှမသိပါဘူး” လို့ရွိုင်းက ပြောပါတယ်။ “ကမ္ဘာပေါ်မှာ တခြားအရာတွေ အများကြီးရှိတယ်ဆိုတာ သူတို့ကို ပြချင်ပါတယ်။

အေဘဟာယာ ဆရီဗာစထြာဗာ

ဘာသာပြန်သူ - လီလီ

Ref:- AFP

( AFP  သတင်းဌာနမှာ  Abhaya SRIVASTAVA ရေးသားထားတဲ့  “Like hell': India's burning coalfields” သတင်းဆောင်းပါးကို ဘာသာပြန်ဖော်ပြတာဖြစ်ပါတယ်။ ) 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013