DVB Logo
Home
နိုင်ငံတကာ
ဘရာဇီး အမေဇုန်သစ်တောပြုန်းတီးမှု အနိမ့်ဆုံးအဆင့်သို့ ကျဆင်း
DVB
·
August 4, 2023
Donate to DVB

၂၀၁၇ ခုနှစ်နောက်ပိုင်း ဘရားဇီးနိုင်ငံရဲ့ အမေဇုန်တောမှာ သစ်တောပြုန်းတီးမှုနှုန်းက ဇူလိုင်လအတွင်း အနိမ့်ဆုံးအဆင့်အထိ ကျဆင်းသွားတယ်လို့ သြဂုတ် ၃ ရက်က အစိုးရရဲ့ ပဏာမကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မိုးသစ်တောနိုင်ငံတွေ ပါဝင်သွားမယ့် ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာပဲ ဘရားဇီးသမ္မတ လူလာ ဒါ ဆေးလ်ဗားရဲ့ သဘာဝပတ်ဝန်းကျင် မူဝါဒဆိုင်ရာ ဂုဏ်သတင်းကို မြင့်တက်စေခဲ့တယ်လို့ ဆိုပါတယ်။

ဘရာဇီး အာကာသဆိုင်ရာ သုတေသနအေဂျင်စီ (INPE) ရဲ့ ဂြိုဟ်တုအချက်အလက်တွေ အရ ဇူလိုင်လအတွင်း မိုးသစ်တောဧရိယာရဲ့ ၁၉၃ စတုရန်းမိုင်အထိ ရှင်းလင်းနေတာကို ညွှန်းဆိုပြနေပါတယ်။

ဒါဟာ လွန်ခဲ့တဲ့နှစ် ကာလတူတုန်းကထက် သစ်တောပြုန်းတီးမှုနှုန်း ၆၆ ရာခိုင်နှုန်းအထိ လျော့ကျလာတဲ့ ကိန်းဂဏန်းအသစ်တွေပဲ ဖြစ်ပါတယ်။

လာမယ့်အပတ်အတွင်း ကမ္ဘာ့အကြီးမားဆုံး မိုးသစ်တောအပေါ် အကာအကွယ်ပေးနိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ဘရာဇီးမြောက်ပိုင်းက ထိပ်သီးအစည်းအဝေးမှာ အမေဇုန်ဒေသတွင်း နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေနဲ့အတူ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

လူလာရဲ့ အုပ်ချုပ်မှုကာလ အစာပိုင်းမှာတင် သစ်တောပြုန်းတီးမှုကို လျှော့ချနိုင်ခဲ့တာကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတခုရဲ့ ဒါရိုက်တာဖြစ်သူ မာဆီယို အက်စ်တရီနီ (Marcio Astrini) က ချီးကျူးခဲ့ပါတယ်။

ဒါပေမဲ့လည်း ဘရာဇီးနိုင်ငံရဲ့ မိုးသစ်တောမှာ ဆုံးရှုံးမှုများစွာ ရှိနေသေးတာကြောင့် ပြန်လည်ကောင်းမွန်လာအောင် အများကြီး လုပ်ဆောင်ရဦးမယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

Source - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013