DVB Logo
Home
အားကစား
ကမ္ဘာ့ယူ-၁၂ ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် မြန်မာယူ-၁၂ အသင်း ဘာစီလိုနာနှင့် တွေ့ဆုံ
DVB
·
August 4, 2023
ကမ္ဘာ့ယူ-၁၂ ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် မြန်မာယူ-၁၂ အသင်း ဘာစီလိုနာနှင့် တွေ့ဆုံ
Donate to DVB

ဂျပန်နိုင်ငံ ချီးဘားမြို့မှာ ကျင်းပမယ့် ၁၁ ကြိမ်မြောက် “U12 Junior Soccer World Challenge 2023” ပြိုင်ပွဲ အုပ်စုမဲခွဲပွဲမှာ မြန်မာယူ-၁၂ လက်ရွေးစင်အသင်းဟာ အုပ်စု ဂ မှာ စပိန်နာမည်ကြီးကလပ် ဘာစီလိုနာ၊ ဂျပန်ကလပ်တွေဖြစ်တဲ့ ဂျေအီးအက်ဖ်ယူနိုက်တက် ချီးဘားနဲ့ Daiwa House Dream အသင်းတို့နဲ့ တွေ့ဆုံနေပါတယ်။

ကမ္ဘာ့ယူ-၁၂ ဖိတ်ခေါ်ဖလားပြိုင်ပွဲကို သြဂုတ် ၂၄ ရက်ကနေ ၂၇ ရက်နေ့အထိ အသင်း ၃၂ သင်းနဲ့ အုပ်စု ၈ ခုခွဲပြီး ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာယူ-၁၂ အသင်းဟာ ဆန်ခါတင်ကစားသမား ၂၅ ဦးကို သုဝဏ္ဏအားကစားကွင်း လက်ရွေးစဥ်များအဆောင်မှာ ထားရှိပြီး စခန်းသွင်း လေ့ကျင့်နေပါတယ်။

သြဂုတ်လဒုတိယပတ်မှာ ဆန်ခါတင် ကစားသမား ၂၅ ဦးထဲက ၁၈ ဦးကို ရွေးချယ်ပြီး ဂျပန်နိုင်ငံကို ထွက်ခွာမှာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်ကျော်ဇံက ကိုင်တွယ်မှာ ဖြစ်ပါတယ်။

“U12 Junior Soccer World Challenge” ပြိုင်ပွဲကို ၂၀၁၃ က စတင်ယှဥ်ပြိုင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းက ၅ ကြိမ်နဲ့ အများဆုံး ဗိုလ်စွဲထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013