DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် တရားမဝင်မြန်မာ ၁၄ ဦး အဖမ်းခံရ
DVB
·
August 4, 2023
ထိုင်းတောင်ပိုင်းတွင် တရားမဝင်မြန်မာ ၁၄ ဦး အဖမ်းခံရ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို ထိုင်းကားမောင်းသမား ၁ ဦးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ Daily news ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အစိုးရတရားဝင်ရုံးပိတ်ရက် ၆ ရက်ရှိခဲ့ပြီး အဲဒီပိတ်ရက်တွေမှာ မသမာသူတချို့က အခွင့်ကောင်းယူပြီး တရားမဝင်အလုပ်တွေ၊ ရာဇဝတ်မှုတွေ ကျူးလွန်မှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သက်ဆိုင်ရာက လုံခြုံရေးအင်အားတွေ တိုးမြှင့်ပြီး စောင့်ကြပ် စစ်ဆေးခဲ့ပါတယ်။

စူရတ်ဌာနီခရိုင် ရဲတပ်ဖွဲ့တွေဟာလည်း ဩဂုတ် ၂ ရက်က ထာ့ချန်းမြို့နယ် ရပ်ကွက် ၃ အပိုင်းရှိ အဝေးပြေးလမ်းမကြီးပေါ်မှာ တာဝန်ထမ်းဆောင်စဉ် ကားနံပါတ်ပြားတပ်မထားတဲ့ အဖြူရောင် တိုယိုတာဟိုင်းလပ်စ်ကားတစီးကို တားဆီးစစ်ဆေးခဲ့ကြောင်း၊ ယာဉ်မောင်းမှာ ဆုန်ခလာခရိုင်က အသက် ၃၁ နှစ်ရွယ် နိုင်းရုဆဒီဖြစ်ပြီး မသင်္ကာဖွယ် အမူအရာ ရှိတာနဲ့ ကားထဲကို ဆက်လက်စစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

ကားနောက်ခန်းမှာ ပတ်စ်ပို့မရှိ၊ နေထိုင်ခွင့် အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား ၁၄ ဦး ပုန်းခိုလိုက်ပါလာတာလို့ ဆိုပါတယ်။

ကားသမားက သူတို့တွေကို ပရကျုပ်ခီရီခန်ခရိုင်ကနေ ဆုန်ခလာမှာ အလုပ်သွားလုပ်ဖို့ ခေါ်ဆောင်လာတာဖြစ်ကြောင်း၊ ပို့ဆောင်ခအနေနဲ့ ဘတ် ၃၀,၀၀၀ ရတယ်လို့ ဖွင့်ဟဝန်ခံသွားပါတယ်။

ရဲတပ်ဖွဲ့က သူ့ကို တရားမဝင်သူတွေ နိုင်ငံထဲကို ခေါ်ဆောင်လာမှု၊ ဖမ်းဆီးခြင်းမခံရအောင် ကူညီသိုဝှက်လာမှုတွေနဲ့ အရေးယူမှာဖြစ်ပြီး မြန်မာ ၁၄ ဦးကိုလည်း လဝကဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013