DVB Logo
Home
နိုင်ငံတကာ
တရုတ်တွင် နျူကလီးယားဓာတ်အားပေးစက်ရုံ  ၆ ရုံ ထပ်မံတည်ဆောက်ရန် အတည်ပြု
DVB
·
August 4, 2023
Donate to DVB

တရုတ်နိုင်ငံဟာ နောက်ထပ် နျူကလီးယားဓာတ်အားပေးစက်ရုံ  ၆ ရုံ တည်ဆောက်ဖို့ အတည်ပြုလိုက်ပြီလို့ တရုတ်နိုင်ငံတော်ကောင်စီက မကြာသေးမီက သတင်းထုတ်ပြန်ပါတယ်။

စက်ရုံသစ်တွေကို တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုံးပြည်နယ် ရှိဒေါင်ပင်လယ်အော် နျူကလီးယား ဓာတ်အားပေး စက်ရုံ၊ ဖှုကျန်းပြည်နယ် နင်းဒဲ့နျူကလီးယား ဓာတ်အားပေးစက်ရုံနဲ့ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် ရှုဒါ့ဖှူနျူကလီးယား ဓာတ်အားပေးစက်ရုံတို့မှာ တည်ဆောက်သွားမယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

ခုအခါ တရုတ်နိုင်ငံထဲမှာ တည်ဆောက်ဆဲ နျူကလီးယား ဓာတ်အားပေးစက်ရုံ ၂၂ ရုံရှိပါတယ်။  နင်းဒဲ့ နျူကလီးယားဓာတ်အားပေး စက်ရုံမှာ ၁၂၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ နံပါတ် ၅ နဲ့ အမှတ် ၆ စက်ရုံ ၂ ရုံတည်ဆောက်မှာလို့ စီမံကိန်းတည်ဆောက်တဲ့ China General Nuclear Power Corporation (CGN) က ဆိုပါတယ်။

ကီလိုဝပ်  ၆ သန်း ထုတ်လုပ်မယ့် နျူကလီးယား ဓာတ်အားပေးစက်ရုံကတော့ ဖူကျန့် မှာ ပထမဆုံး နျူကလီယား ဓာတ်အားပေးစက်ရုံ ဖြစ်ပါတယ်။

နင်းဒဲ့ နျူကလီးယားစွမ်းအင်စီမံကိန်းရဲ့  အမှတ် ၅ နဲ့ အမှတ် ၆ စက်ရုံတွေကတော့ CGN ရဲ့ ဟွာလောင်ယိနျူကလီးယား စွမ်းအင်နည်းပညာကို လက်ခံကျင့်သုံးခဲ့ပြီး ကမ္ဘာ့ထိပ်တန်း တတိယမျိုးဆက် ဓာတ်ပေါင်းဖိုတွေရဲ့ ဒီဇိုင်းသဘောတရားကို ရေးဆွဲ ထားပါတယ်။

အလွှာနှစ်ထပ်နဲ့ ထိန်းသိမ်းနည်းကိုသုံးပြီး နိုင်ငံတကာ လုံခြုံစိတ်ချရမှု အမြင့်ဆုံး စံချိန်စံညွှန်းတွေ ကို ဖြည့်ဆည်းပေးခဲ့ပါတယ်လို့ CGN နင်းဒဲ့ နျူကလီးယား စွမ်းအင်ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ထျန်းဟွေ့ယူက ပြောပါတယ်။

ဇန်န၀ါရီလကနေ ဇွန်လအထိ နိုင်ငံတဝန်း နျူကလီးယားဓာတ်အားပေးယူနစ် ၂၁၁ ဒသမ ၈၈ ဘီလီယံ ကီလိုဝပ်နာရီကို ထုတ်လုပ်ခဲ့ပြီး တစ်နိုင်ငံလုံး စုစုပေါင်းရဲ့ ၅ ဒသမ ၀၈ ရာခိုင်နှုန်းရှိကာ ၂၀၂၂ ခုနှစ် အလားတူကာလထက် ၇ ဒသမ ၀၁ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပါတယ်။

နိုင်ငံတော်ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ထားတဲ့ စုစုပေါင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုဟာ ၁၉၈ ဒသမ ၉၂ ဘီလီယံ၊ kWh ရှိပြီး ၂၀၂၂  ခုနှစ်ထက် ၇ ဒသမ ၁၆   ရာခိုင်နှုန်း တိုးလာတယ်လို့ တရားဝင် အချက်အလက်တွေက ဖော်ပြထားပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013